ကွန်ဂို လိင်ခွဲခြားမှု တိုက်ဖျက်ရေး ဆိုင်ရာ ပညာရှင်တစ်ဦး ဆုရရှိ

alt

ကွန်ဂိုနိုင်ငံမှ လိင်ခွဲခြားမှု တိုက်ဖျက်ရေး ဆိုင်ရာ ပညာရှင် တစ်ဦး ဖြစ်သော ဒင်းနစ်မက်ခ်ဝီဂျီ အား (၂၀၀၈) ခုနှစ် အတွက် Olof Palme ဆုုကို ပေးအပ် ချီးမြှင့် လိုက်ကြောင်း သိရှိ ရသည်။

၎င်းသည် ကွန်ဂိုနိုင်ငံအတွင်း အကြမ်းဖက် စော်ကား ခံရသော အမျိုးသမီးများကို ကာကွယ် စောင့်ရှောက်ရန် နှင့် စစ် ရာဇဝတ်မှု များ ပပျောက်အောင် အင်တိုက် အားတိုက် ဆောင်ရွက် ခဲ့သူဖြစ်သည်။ Olof Palme ဆု ရွေးချယ်ရေး အဖွဲ့က ဒင်းနစ် သည် ၎င်း ဘဝ ကို လူသားခြင်း စာနာသည့် လုပ်ငန်းများ အတွက် နှစ်မြှုပ် ထားသူ ဖြစ်ကြောင်း၊ အာဖရိက ၏ အရိုးစွဲနေသူ လူ့ အဆင့်အတန်း ခွဲခြားမှု နှင့် လူ့ အခွင့်အရေး ဆိုးဆိုးရွားရွား ပိတ်ပင် ခံရမှုများ အတွက် အကောင်းဆုံး တုန့်ပြန် ခဲ့သူ ဖြစ်ကြောင်း ချီးကျူး ခဲ့သည်။

ဒင်းနစ် ထူထောင်ထားသော Panzi ဆေးရုံသည် ကွန်ဂိုအရှေ့ပိုင်း စစ်ပွဲများတွင် ထိခိုက် ဒါဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ ပြည်သူများအတွက် အားထားရာ နေရာဖြစ်လာခဲ့သည်။ ကွန်ဂိုနိုင်ငံအတွင်း စစ်ဘေးသင့် ဒေသများမှ အမျိုးသမီးများ မုဒိမ်းကျင့်ခံရသည့် အခြေအနေအပေါ် နိုင်ငံအတွင်းရှိ NGO အဖွဲ့အစည်းများက ကျယ်ကျယ်လောင်လောင် ကန့်ကွက် ခဲ့သော်လည်း အသက် (၅၃) နှစ်အရွယ် ဒင်းနစ်ကဲ့သို့ ကိုယ်ရောစိတ်ပါ ကူညီပေးခဲ့ မှုမျိုး မရှိခဲ့ပေ။

ယခုအချိန်ထိ ဒင်းနစ်အနေနှင့် မုဒိမ်းကျင့်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ယိုယွင်းနေသည့် အမျိုးသမီး (၁၀) ဦးခန့်ထိအား ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ အတွက် ကူညီပေးနေပြီး ၎င်း၏ ဆေးရုံမှာလည်း အရေးပေါ်ခွဲစိတ်မှု (၂၅) ခုခန့်ထိကို အောင်အောင်မြင်မြင် ဆောင်ရွက် ပေးပြီးဖြစ် ကြောင်း သတင်း ရရှိသည်။

ဆွီဒင်နိုင်ငံမှ ပေးအပ်သည့် Olof Palme ဆုုကို  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု့ ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် အား  ၂၀၀၆ ခုနှစ်က ပေးအပ်ခဲ့ သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here