DVD စက်ပါသည့် အမျိုးသမီး လက်ကိုင်အိတ် အွန်လိုင်းမှတဆင့် ရောင်းချ

alt

DVD စက် ထည့်သွင်း ထားသော အမျိုးသမီး လက်ကိုင် အိတ်တစ်မျိုး ကို Online မှတဆင့် ရောင်းချ နေကြောင်း သိရှိ ရသည်။ စတာလင်ပေါင် (၃၀၀) နီးပါးမျှ ကျသင့် သည့် အဆိုပါ အမြင်ဆန်း သော အိတ်ကလေးများ တွင် အကျယ် (၇) လက်မရှိသော ရုပ်မြင်သံကြား စက် ကလေးများ ထည့်သွင်း

ထားပေးပြီး ဘက်ထရီသက်တမ်း (၂) နာရီခွဲအထိ DVD ရုပ်ရှင်များ ကြည့်ရှု နိုင်မည် ဖြစ်သည်။ ထို့အပြင် SD ကတ်များနှင့် USB တို့ကိုပါ ချိတ်ဆက် နိုင်မည်ဟု ဆို သည်။ BagTV ဟု အမည် ပေးထားသည့် အဆိုပါ အမျိုးသမီးကိုင် အိတ်ကလေးများ ကို စမ်းသပ်အသုံးပြုနေသူ အချို့တို့က ဘက်ထရီ အသုံးခံ ချိန် နည်းပါးကြောင်း ထောက်ပြ ထားကြသည်။

အိတ်ကလေးများကို တီထွင်ခဲ့သည့် ကုမ္ပဏီကမူ ယခုထက်ပိုမို အသုံးခံသည့် ဘက်ထရီများ ဖြည့်စွက်ပေးနိုင်ရန် စီစဉ်ထားသည်ဟု ပြောဆိုသွားသည်။ ထိုဘက်ထရီကို ကားအတွင်းမှာပင် အလွယ်တကူ အားပြန် ဖြည့်နိုင်ပြီး အိတ်အတွင်းရှိ DVD ပြဇာတ်ကို ရုပ်မြင်သံကြား Output နှင့် ချိတ်ဆက် ကြည့်ရှု နိုင်သည် ဟုလည်း သိရှိရသည်။ BagTV များကို www.bagtv.com ၀က်ဘ်ဆိုက် မှ တဆင့် မှာကြားဝယ်ယူ နိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here