Detox များ ဝယ်ယူ သောက်သုံးခြင်း သည် ငွေဖြုန်းခြင်း သာဖြစ်

alt

ဘေးထွက်ဆိုးကျိုး မရှိကြောင်း အာမခံ နှင့် ကြော်ငြာ ပေးနေသည့် ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက် ပြယ်ဆေး (Detox) များ ၀ယ်ယူ သောက်သုံးခြင်းသည် ပိုက်ဆံ ဖြုန်းခြင်း သက်သက် မျှသာ ဖြစ်ကြောင်း သုတေသန ပညာရှင်များ က သတင်း ထုတ်ပြန် လိုက်သည်။

(၂၀၀၉) ခုနှစ်ဆန်းတွင် တရားဝင် ထုတ်ပြန် လိုက်သော ကြေငြာချက်များ အရ ဈေးကွက်အတွင်း ရှိနေသည့် Detox နာမည်ကျော်ဆေး (၄)ပုံ၊ (၃)ပုံခန့်တို့မှာ အမှန်တကယ် အကျိုးသက်ရောက်မှု မရှိသလို ဘေးထွက် ဆိုးကျိုး ရှိမရှိ ဆိုသည်ကို အတိအကျ သုတေသန ပြုလုပ်ခြင်းမျိုး မရှိကြောင်း သိရှိရသည်။ အရောင်းမြှင့်တင်ရေး ကြော်ငြာများ တွင် အဆိုပါ အဆီကျဆေးများ မည်သို့မည်ပုံ အစွမ်းထက်ကြောင်း ရွှန်းရွှန်းဝေမျှ ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ အပြည့်အဝ ယုံကြည်ရန် ခက်ခဲကြောင်းနှင့် ပိန်ဆေးများကို မယုံကြည်သင့်ကြောင်း ဆရာဝန်များကဆိုသည်။ ထို့အပြင် လူအများစုမှာ ပိန်ဆေးများသည် အမှန်တကယ် အစွမ်းထက်သည်ဟု ယုံကြည်နေတတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြပြီး အာမခံနှင့် ရောင်းချနေသော ပိန်ဆေးအများစုသည် ဘေးထွက်ဆိုးကျိုးမရှိသလို ကောင်းကျိုးလည်း မရှိတတ်သည်ကို သဘောပေါက်လေ့မရှိကြောင်း ဝေဖန်ခဲ့သည်။

အချို့သောသူများ ဆေးစားရင်း ပိန်သွားသည်ဆိုသည်မှာ ဆေးစားနေစဉ် ကာလအတွင်း ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် ကိုယ်ရည်စစ်သွားခြင်းသာ ဖြစ်နေကြောင်းကို ဆရာဝန်များက ထောက်ပြခဲ့သည်။ ထိုအခြေအနေများကြောင့် ပိန်ဆေးများ ၀ယ်ယူခြင်းဖြင့် ပိုက်ဆံမဖြုန်းဘဲ ကိုယ်တိုင်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဆရာဝန်များက အကြံပြု ဆွေးနွေး သွားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here