ဗြိတိန်မှ ဆရာဝန်များ မေ့လျော့မှုကြောင့် လျော်ကြေး ပေးရသည့် ပမာဏ မြင့်တက်

alt

ဗြိတိန် ဆေးရုံများ တွင် ဆရာဝန်များ ၏ မေ့လျော့မှု ကြောင့် မသေသင့် ဘဲ သေဆုံးခဲ့ ရသည့် လူနာများ အတွက် လျော်ကြေး ငွေများ ပေးဆောင် ရသည့် ပမာဏမှာ လွန်ခဲ့သော နှစ်များအတွင်း ထိုးတက် လာကြောင်း သိရှိ ရသည်။

ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနက ကြေငြာချက် အရ လွန်ခဲ့သော (၅) နှစ် အတွင်း လျော်ကြေးငွေ စတာလင်ပေါင် (၉) သန်းကျော် ထိ ကုန်ကျခဲ့ပြီး ဆရာဝန်များ ခွဲစိတ်ပြီး ဓားများ၊ အပ်များနှင့် အခြားသော ပစ္စည်း ကိရိယာများ မေ့ကျန် ခဲ့မှုမျိုးကြောင့် သေဆုံး ရသည့် လူနာ အရေအတွက် အများအပြား ရှိခဲ့သည် ဟု ဆိုသည်။ ထို့အပြင် ဆရာဝန်များ ပေါ့ဆမှုကြောင့် မသေသင့်ဘဲ ရောဂါပိုးဝင် သေဆုံးမှုများပါ ထည့်သွင်း တွက်ချက်ပါက (၅) နှစ်တာ ကာလအတွင်း သေဆုံးသူ ဦးရေ (၃၆၀၀) ကျော်မျှရှိကြောင်း သိရှိရသည်။ စံချိန်တင် လျော်ကြေး အပေးရဆုံးအဖြစ် (၂၀၀၈) ခုနှစ်အတွင်း ၀မ်းဗိုက်တွင် အပ်တစ်ချောင်း ကျန်ခဲ့သောကြောင့် သေဆုံး ရသည့် လူနာအတွက် ပေါင်စတာလင် (၁၂၀၀၀၀) နီးပါး ပေးချေခဲ့ ရခြင်းဖြစ်သည်။

နှစ်အလိုက် လျော်ကြေးငွေ အများဆုံး ပေးချေရမှုတွင်မူ (၂၀၀၇) ခုနှစ်အတွင်း စတာလင်ပေါင် (၂.၆) သန်းကျော် ပေးချေရမှုမှာ စံချိန်တင်သွားခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ လျော်ကြေးငွေများအတွက် ဆရာဝန်များတွင် အပြည့်အဝ တာဝန်ရှိသည် ဟု စွပ်စွဲနိုင်ရန် ခက်ခဲသလို ဖိအားများသော အခြေအနေ တစ်ရပ်တွင် အလုပ်လုပ် နေရသည့် ဆရာဝန်များ အတွက် နားလည်ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြား ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here