ဆွီဒင်မှာ စံချိန်တင်ပမာဏထိ အပူချိန်ကျဆင်း

alt

ဆွီဒင် နိုင်ငံတွင် သမိုင်း တလျှောက် အအေးဆုံး သော ဆောင်းရာသီ ကို ကြံုတွေ့ နေရကြောင်း သိရှိ ရသည်။ နိုင်ငံ မြောက်ပိုင်း ဒေသ အတော် များများ တွင် ပြီးခဲ့သော သီတင်းပါတ် ကုန်ရက်များ အတွင်း -၃၀ံ စင်တီဂရိတ် ထိ ကျဆင်း သွားခဲ့ပြီး

ဗီလ်ဟာမီနာ အရပ် အနီးရှိ ဂီလတ်စ် တောင်ပေါ် ဒေသတွင် -၃၅.၄ံ စင်တီဂရိတ် အထိ ထိုးဆင်း သွားခြင်း ကြောင့် နိုင်ငံသမိုင်း တလျှောက် အနိမ့်ဆုံး အပူချိန် အဖြစ် မှတ်တမ်း ၀င်သွား ခဲ့သည်။ သို့သော်လည်း ဇန်နဝါရီလ (၄) ရက်နေ့တွင်မူ အပူချိန်မှာ -၃၄ံ စင်တီဂရိတ် နီးပါး ထိ ပြန်လည် တိုးမြင့် လာကြောင်း သိရှိ ရသည်။ ဆွီဒင်တောင်ပိုင်း ဒေသ များတွင်မူ မြောက်ပိုင်း လောက် အခြေအနေ မဆိုးသော် လည်း -၂၀ံ စင်တီဂရိတ်ထိ ထိုးဆင်း ခဲ့ကြောင်း နိုင်ငံပိုင် မိုးလေဝသ ဌာနများက ကြေငြာ သည်။

မိုးလေဝသ ကျွမ်းကျင်သူများက မကြာမီတွင် ရေခဲမှတ်အထိ အပူချိန်ပြန်လည် မြင့်တက် လာပြီးနောက် ရေခဲမှတ်အောက် ထိုးဆင်းသွားမှုမျိုး ဖြစ်လာနိုင်သေးကြောင်း သတိ ပေးထား သည်။ ထို့အပြင် ပြင်းထန်သော ဆောင်းလေအေးများ တသုန်သုန် တိုက်ခတ်မှု ကိုလည်း လာမည့်သီတင်းပါတ်များအတွင်း ကြံုတွေ့ရဖွယ်ရှိကြောင်း ကြေငြာချက် ထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here