မြန်မာ့ဒီမိုကရေစီရေး အတွက် မျှော်လင့်ချက်မဲ့ နေ ကြောင်း NLD ပြော

alt

မြန်မာနိုင်ငံ ရှိ အတိုက် အခံပါတီ NLD က နိုင်ငံ၏ (၆၁) နှစ်မြောက် လွတ်လပ်ရေး နေ့တွင် လက်ရှိ အခြေအနေ အရ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုများမှာ စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် မျှော်လင့်ချက် မရှိတော့ပါကြောင်း ၀န်ခံ ပြောဆို သွားသည်။

မြန်မာနိုင်ငံ သည် (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့က ဗြိတိသျှအင်ပါယာ ၏ လက်အောက်ခံ ကိုလိုနီဘဝမှ လွတ်လပ်ရေး ရယူနိုင်ခဲ့သော်လည်း လက်ရှိ စစ်အစိုးရ၏ လက်အောက်ခံ ဘဝမှ လွတ်လပ်ရေးရရန်မူ မျှော်လင့်ချက် ကုန်ခမ်း ခဲ့ပြီဟု NLD မှဦးအောင်ရွှေ က ပြောဆိုခဲ့သည်။ ၎င်းတို့အနေနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆက်လက် တောင်းဆိုပါကြောင်း၊ သို့သော်လည်း ကမာ္ဘတစ်ဝှမ်းလုံးမှ ဖိအားပေးမှုများကို မျက်ကွယ်ပြုထားသည် မြန်မာ စစ် အစိုးရအနေ နှင့် ၎င်းတို့၏ တောင်းဆိုမှုများကို မျက်ကွယ်ပြု ထားဦးမည်သာ ဖြစ်ကြောင်းဖြင့် ဦးအောင်ရွှေ က ပြောဆိုခဲ့သည်။

လက်ရှိ အခြေအနေအရရော၊ အနာဂါတ်အတွက်ပါ နိုင်ငံ၏ ဒီမိုကရေစီ ပန်းတိုင်အတွက် မျှော်လင့်ချက် ကင်းမဲ့ သွားပြီဟု ဦးအောင်ရွှေ က သုံးသပ် ပြောကြား သွားသည်။ မြန်မာနိုင်ငံသည် (၁၉၆၂) ခုနှစ်ကတည်းက စစ်အစိုးရ အုပ်ချုပ်မှု အောက်သို့ ကျရောက် နေခဲ့ပြီး ဒီမိုကရေစီရေး အတွက် လူထုလှုပ်ရှားမှု ကြီး အချို့ ပေါ်ပေါက် ခဲ့သော်လည်း စစ်အစိုးရ အဆက်ဆက် ၏ လူမဆန်စွာ ရက်စက်ယုတ်မာသော နည်းလမ်းများ အသုံးပြု ဖြိုခွဲမှုကြောင့် အောင်မြင်မှုများ မရရှိခဲ့ဘဲ ယခုတိုင် စစ်အစိုးရ မှ နိုင်ငံအာဏာ ကို မတရား ဆုပ်ကိုင် ထားဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here