Nintendo က ဂိမ်း Channel လွှင့်တင်မည်

alt

Nintendo ကုမ္ပဏီသည် ၎င်း၏ ဂိမ်း ထုတ်လုပ်ရေး ပြိုင်ဘက်များ အတွက် စိန်ခေါ် ထိုးနှက်မှု တစ်ခုကို စတင် လိုက်ပြီ ဖြစ်သည်။ Nintendo သည် ၎င်း၏ လူကြိုက်များ သော Wii  ဂိမ်းစက် ပရိသတ်များ အတွက် TV Channel တစ်ခု လွှင့်တင် သွားမည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။

အဆိုပါ Channel တွင် ဂိမ်း အမျိုးအစား အတော်များများ ကို ကစား နိုင်မည် ဖြစ်ပြီး ကာတွန်းများ နှင့် ဇာတ်လမ်းများ အပါအဝင် လူငယ်ကြိုက် တင်ဆက်မှု အများအပြား ကိုလည်း ထည့်သွင်း ပေးမည် ဖြစ်သည်။ ဂျပန်ရှိ နည်းပညာ အကြံပေး ကုမ္ပဏီ တစ်ခု၏ အကူအညီ ဖြင့် အဆိုပါ Channel ကို အကောင်အထည် ဖော်ရန် ပြင်ဆင်နေ ခြင်းဖြစ်ပြီး နောက်အကျဆုံး (၂၀၁၀)ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်း စတင်နိုင်ရန် စီစဉ်ထားပြီး မကြာမီတစ် ကမာ္ဘလုံး အသုံးချနိုင်ရန် Nintendo က ကြံစည်ထားသည်။ အဆိုပါ Channel ရှိ ဂိမ်းများအား Wii ပရိသတ်များ အနေ နှင့် အထူး တီထွင် ထားသည့် အနီအောက် ရောင်ခြည်သုံး Remote Control ဖြင့် ထိန်းချုပ် ကစားနိုင်မည် ဖြစ်သည်။

Nintendo ၏ခြေလှမ်း သည် ဂိမ်းဝါသနာ အိုးများအတွက် ဆွဲဆောင်မှု ကောင်းမွန် နေပြီး PC ဂိမ်းများ ၏ ရပ်တည်မှု ကိုပင် ခြောက်လှန့် လာဖွယ်ရှိသည်။ Nintendo က Channel အတွင်းရှိ ဂိမ်း အတော်များများကို အခမဲ့ကစားနိုင်မည်ဖြစ်ပြီး အချို့ကိုသာ အခပေးစနစ်ဖြင့် ကစားရမည်ဖြစ်ကြောင်း၊ ဂိမ်းအပြင် အခြားသော စိတ်ဝင်စား ဖွယ်ရာ အစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဟု ကတိပြု ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here