အယ်လ်ဇိုင်းမားကို LED မီးလုံးများဖြင့် ကုသနိုင်ရန် စီစဉ်ထား

alt

LED မီးလုံးများဖြင့် အယ်လ်ဇိုင်းမား ဦးနှောက် ရောဂါ ကို ကုသနိုင်ရန် ပညာရှင်များ က မျှော်လင့်လျက် ရှိနေ ကြသည်။ အဆိုပါ မီးသီးလေးများ တပ်ဆင်ထား သည့် ကိရိယာ တစ်မျိုးမှာ အရေပြား ဆဲလ်များ ပျက်စီး ရာတွင် ကုသခြင်း၊ ဦးရေပြားမှ ဆံပင်ပြန် ပေါက် လာအောင် ပြုလုပ်ပေးခြင်း စသည် တို့တွင် အသုံးပြု နေသော် လည်း နောက်ဆုံး တွေ့ရှိချက်များ အရ အယ်လ်ဇိုင်းမား တိုက်ဖျက်ရေး အတွက် မျှော်လင့်ချက် အသစ်

တစ်ခုအဖြစ် ရှင်သန် လာခဲ့ပြီ ဖြစ်သည်။ မူလက လေဆာကုထုံးများဖြင့် ကုသနေသည့် နည်းပညာအစား အပူဓာတ် ထုတ်လွှတ်မှုမရှိသဖြင့် နာကျင်ခြင်းကို မဖြစ်စေသော LED အနီအောက်ရောင်ခြည် မီးလုံးလေးများ အသုံးပြုခြင်းဖြင့် သွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေပြီး အယ်လ်ဇိုင်းမား ကို တွန်းလှန်နိုင်မည့် အခြေအနေတစ်ရပ်ဆီ ဦးတည်နေနိုင်ကြောင်း ဗြိတိန် နိုင်ငံ ဆန်းဒါးလန်းတက္ကသိုလ်မှ ဆရာဝန်များက ပြောကြားခဲ့သည်။

အနီအောက်ရောင်ခြည် ထုတ်လွှတ်ပေးသည့် LED မီးလုံးများ တပ်ဆင်ထားသည့် အထူးပြုလုပ်ထားသော ဦးခေါင်း အစွပ်တစ်ခုကို တစ်နေ့လျင် (၁၀) မိနစ်မျှ ဆောင်းပေးခဲ့ရာတွင် သီတင်း(၁၀) ပါတ်အတွင်း အယ်လ်ဇိုင်းမား လူနာများ၏ မှတ်ဉာဏ်နှင့် ဆဲလ်များပြန်လည်ကောင်းမွန်နှုန်း သိသာထင်ရှားစွာ တိုးတက်လာကြောင်း တွေ့ရှိရသည်။ ဆန်းဒါးလန်းမှ ဆရာဝန်များ၏ အဆိုအရ ယခုကုထုံးကြောင့် ဦးနှောက်အတွင်း သေသလိုဖြစ်နေသော ဆဲလ်များ အင်ပြည့်အားပြည့် ပြန်လည် အလုပ်လုပ်လာနိုင်မှုမှာ အခြား ကုထုံးများထက် ရာခိုင်နှုန်း (၁၅၀)မှ (၂၀၀)အထိ အကျိုးသက်ရောက်မှု ရှိခဲ့သဖြင့် အလေးထား စမ်းသပ်မှုများ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here