လွန်ခဲ့သော နှစ်(၁၃၀၀၀) က ကမာ္ဘကို ဥက္ကာပျံဝင်တိုက်

alt

သိပ္ပံ ပညာရှင်များ က မြောက် အမေရိက တိုက် အား လွန်ခဲ့သော နှစ်ပေါင်း (၁၃၀၀၀) ခန့်က ဥက္ကာပျံ တစ်ခု ၀င်တိုက် ခဲ့ကြောင်း အထောက် အထားများ ရှာဖွေ တွေ့ရှိခဲ့သည်ဟု ကြေငြာ ခဲ့သည်။

မနုဿဗေဒ ပညာရှင်များ က လွန်ခဲ့သည့် နှစ်ပေါင်း (၆၅) သန်းခန့်က ကမာ္ဘမြေ သို့ ဥက္ကာပျံ တစ်ခု ၀င်တိုက် ခဲ့ခြင်း ကြောင့် ဒိုင်နိုဆောကြီး များ မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ သလို လွန်ခဲ့သော နှစ်ပေါင်း (၁၂၉၀၀) ခန့်က ဥက္ကာပျံ တစ်ခု မြောက် အမေရိကတိုက် ကို ၀င်တိုက် ခဲ့ခြင်း သည်လည်း ရေခဲခေတ် သက်ရှိများ ကို ပျောက်ကွယ် သွားစေကြောင်း ပြောကြား ခဲ့သည်။ အနုဇီဝ မှန်ပြောင်းဖြင့် ကြည့်ရှုမှ သာ တွေ့မြင်နိုင် သည့် စိန်မှုန်စိန်ခဲလေး မြောက် များစွာ ကို အမေရိကန် နိုင်ငံနှင့် ကနေဒါနိုင်ငံ မြေမှုန်များ တွင် တွေ့ရှိခဲ့ရာမှ ယခု ကောက်ချက် ကို ခိုင်မာ လာစေခြင်း ဖြစ် သည်။

အရီဇိုးနား၊ မစ်ချီဂန်၊ အိုကလာဟိုးမားနှင့် တောင်ကာရိုလိုင်းနား မြေလွှာများတွင် တွေ့ရှိ ခဲ့သော စိန်ဓာတ်များသည် ဥက္ကာပျံ တိုက်ခိုက်မှု အတွင်း ပေါ်ပေါက် လာသည့် ဖိအား နှင့်အပူကြောင့် ကာဘွန် အသွင်ပြောင်းမှု များ ဖြစ်ပွား ခဲ့သည့် အရိပ်အယောင်များဖြစ်ကြောင်း ပညာရှင် ဒေါက်ကလတ် ကာနက် က သုံးသပ် ပြော ဆို ခဲ့သည်။ ယခုတွေ့ရှိခဲ့သည့် စိန်တုံးလေးများမှာ ကနေဒါရှိ အမေရိကန် နယ်စပ် ခရိုင် တစ်ခုအတွင်း တွင်ပါ ပြန့်နှံ့တည်ရှိ နေမှုကြောင့် အဆိုပါ နေရာသည် ဥက္ကာပျံနှင့် ကမာ္ဘမြေတို့ တိုက်မိခဲ့သည့် နေရာဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပြီး ရှေးဟောင်း လူသားမျိုးနွယ်များ၊ အမွေးရှည် ရေခဲဆင်ကြီးများနှင့် အစွယ်ရှည် ကြောင်ကြီးများ ကို ကမာ္ဘမြေပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွား စေခြင်း ဖြစ်နိုင ်ကြောင်း ကာနက်က ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here