အလှူခံ ထားသော ကိုယ်အင်္ဂါများကို နည်းပညာ သစ်ဖြင့် ထိန်းသိမ်းရန်စီစဉ်

alt

အလှူခံ ရရှိထားသော ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ကို အအေးခန်း အတွင်း ထည့်သွင်း ထားခြင်း ထက် ပိုမို တာရှည်ခံ မည့် နည်းလမ်းများ ရှာဖွေ သွားမည်ဟု သိပ္ပံပညာရှင်များ က ပြောဆိုခဲ့ ကြသည်။ ကျောက်ကပ် ကဲ့သို့သော အစိတ်အပိုင်း များသည် အအေးခန်းများအတွင်း တစ်နှစ် ထက်ပိုပြီး သိမ်းထားနိုင်ခြင်းမရှိဘဲ ပျက်စီး သွားတတ် သဖြင့်

ထိုအခြေအနေအား ပြောင်းလဲနိုင်ရန် ဆရာဝန်များက ကြံစည်နေကြသည်။ ဗြိတိန်မှ သုတေသန ပညာရှင်များ သည် လူ့အင်္ဂါ အစိတ်အပိုင်းများ ကို အအေးပေး ထိန်းသိမ်း ထားသည့် နည်းပညာ အစား စက်ကိရိယာ တစ်မျိုးဖြင့် ကြာရှည် ခံအောင် ထားရှိ နိုင်ရန် စူးစမ်းမှုများ ပြုလုပ် နေကြပြီဟု ဥရောပသမဂ္ဂ မှ ဆေးပညာရှင်များ ကဆိုသည်။ သမားရိုးကျ နည်းများ အရ ကျောက်ကပ် ကဲ့သို့ အင်္ဂါများသည် အလှူရှင် သေဆုံးပြီး နာရီပိုင်း အတွင်း ခွဲစိတ် ရယူရလေ့ရှိပြီး အထူးပြုလုပ် ထားသော ဆေးရည် အတွင်း စိမ်ထား ရလေ့ရှိသည်။ သို့သော်လည်း မကြာသေးမီ နှစ်များ အတွင်းက ရေခဲအအေးပေးစက်များ ပေါ်လာခဲ့ပြီးနောက် ကိုယ်တွင်း အစိတ်အပိုင်းများကို အအေးခန်းတွင် ထိန်းသိမ်းခြင်းဖြင့် ပိုမိုကြာရှည် အောင် ထားရှိ နိုင်ခဲ့သည်။

နောက်ဆုံးတွင် တီထွင်ထားသည့် စက်ကိရိယာတစ်ခုနှင့် ရေခဲခန်းတို့တွင် အလှူရှင်တစ်ဦး လှူဒါန်းထားသည့် ကျောက်ကပ်တစ်စုံကို ခွဲခြားထားရှိကြည့်ခဲ့ကြောင်း၊ ထိုအခါ ကိရိယာအသစ်တွင် ထားရှိသည့် ကျောက်ကပ်မှာ ကာလအားဖြင့် ပိုမိုအထားခံကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ဗြိတိန်ဆရာဝန်များက အဆိုပါသတင်းအား အတည်ပြုခဲ့သော်လည်း သုံးစွဲထားသည့် နည်းပညာအသေးစိတ်ကိုမူ ဖော်ထုတ်ပြောဆိုခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here