(၆) ဘီးတပ် ပြိုင်ကားကို အီတလီတွင်စတင် ထုတ်လုပ်

alt

အီတလီ ကားကုမ္ပဏီ Covini က ဘီး (၆) ဘီးတပ်ဆင် ထားသည့် ပြိုင်ကား အမျိုးအစား တစ်မျိုးကို မိတ်ဆက် ဖော်ပြခဲ့သည်။ အဆိုပါ ကားငယ်အား တီထွင်နိုင်ရန် အချိန် (၃၄) နှစ်မျှ ယူခဲ့ ရကြောင်း

ကား ကုမ္ပဏီမှ ဖာရော့ဆီယိုကိုဗင်နီ က ပြောကြား ခဲ့သည်။ ၎င်းအနေ နှင့် (၁၉၇၄) ခုနှစ် ကတည်းက (၆) ဘီးတပ် ပြိုင်ကား တစ်မျိုး တီထွင်ရန် မျှော်လင့်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ စိတ်ကူးကို ယခုမှသာ အကောင်အထည် ဖော်နိုင်ကြောင်း ကိုဗင်နီ ကဆိုသည်။ တစ်နာရီလျင် (၁၈၅) မိုင်နှုန်းထိ မောင်းနှင် နိုင်သော Covini C6W ပြိုင်ကားသည် လူအများ ၏ အာရုံကို ဆွဲဆောင်နိုင်သည့် အမြင်လှပသည့် နှစ်ယောက်စီး ပြိုင်ကားလေး ဖြစ်သည်။ ကုမ္ပဏီအနေနှင့် ပြိုင်ကား  ၏ ဈေးနှုန်းကို တရားဝင် မသတ်မှတ် သေးသလို ရောင်းချမှု ကိုလည်း (၂၀၀၉) ခုနှစ် ကုန်ခါနီး လောက်ကျမှ စတင်ဖွယ် ရှိနေသည်။

ကား ၏ ကိုယ်ထည်ကို ဖန်ဖိုင်ဘာ နှင့် ကာဘွန်ဖိုင်ဘာများ ပေါင်းစပ် ထည့်သွင်း ထားကြောင်း ကိုဗန်နီ ကဆိုသည်။ ၎င်းက အဆိုပါ (၆) ဘီးတပ်ပြိုင်ကားလေး ကို စူပါကား ဟု ညွှန်းဆို ထားသော်လည်း ကားတွင် တပ်ဆင် ထားသည့် နည်းပညာ အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုမှု မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here