YouTubeတွင် တင်ထားသော ၎င်းပိုင် Video များ ဖယ်ပေးရန် Warner တောင်းဆို

alt

Warner တေးဂီတ ကုမ္ပဏီက YouTube တွင် တင်ထားသော ၎င်းပိုင် Video Clip များအားလုံး ဖယ်ရှား ပေးရန် တောင်းဆို ခဲ့သည်။

Google ပိုင် Video Sharing ဆိုက်သည် ကမာ္ဘတလွှား ပရိသတ် များစွာ ၏ အာရုံကို ဖမ်းစား ထားနိုင်သော်လည်း ထို ပရိသတ်များ ကြောင့်ပင် မကြာခဏ အခက်ကြံုရလေ့ရှိသည်။ Warner ပိုင် တေးဂီတ Video များကို YouTube အသုံးပြုသူများက Upload တင်ခဲ့ကြပြီး ထို Video များအား ဖယ်ရှားပေးခြင်း မရှိပါက မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ အရ အရေးယူသွားမည်ဟု အကြပ်ကိုင် ခြိမ်းခြောက်ထားသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့ မနက်အစောပိုင်းက Warner ဘက်မှ အဆိုပါ ရာဇသံအား ထုတ်ပြန်ကြေငြာ ခဲ့ပြီး YouTube ဘက်မှ တောင်းဆိုမှုကို မလိုက်လျောလျင် တရားစွဲရန် အသင့်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ YouTube မှတဆင့် Warner ပိုင် Video Clip များကို လူအများ အခမဲ့ကြည့်ရှုခွင့် ရနေခြင်းကြောင့် ကုမ္ပဏီ အနေနှင့် အယ်လ်ဘမ် ရောင်းချမှု တွင် ထိခိုက်ဆုံးရှုံးမှုများ ပေါ်ပေါက်နေကြောင်း Warner က စွပ်စွဲထားသည်။

စစ်တမ်းများအရ Warner သည် You Tube တွင် လူကြည့် အများဆုံး နံပါတ်(၁၁)နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံး(၁၀)ခု စာရင်းတွင် လည်း တေးဂီတ ကုမ္ပဏီ (၇) ခုဖြင့် လူကြည့်အများဆုံး အစီအစဉ်အဖြစ် ရပ်တည် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here