ဆိုင်ဘာလုံခြံုရေး အားနည်း နေသေးတဲ့ အမေရိကန် တွေ

alt

အမေရိကန် သည် ဆိုင်ဘာ တိုက်ခိုက်မှု များ အတွက် ကြိုတင် တားဆီးရာ တွင် အားနည်းချက် များစွာ ရှိနေ သေးကြောင်း ဝေဖန်မှု များ ကြံုတွေ့ နေရသည်။

စနစ်တကျ လေ့လာသော စစ်တမ်းများအရ အမေရိကန် ပြည်ထောင်စု အတွင်း ပြင်းထန် သော ထိခိုက် ဆုံးရှုံးမှု များ ကြံုရ စေတတ် သည့် ဆိုင်ဘာ တိုက်ခိုက်မှုများ အား ကာကွယ်နိုင်ရန် လုံလောက်သော ကြိုတင် ပြင်ဆင်မှုများ မရှိသေး ကြောင်း ဖော်ထုတ် နိုင်ခဲ့ သည်။ အစိုးရ ရုံးဌာနများ နှင့် ကွန်ပျူတာ လုံခြံုရေး ဌာနများ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ နှင့် ပြည်သူပိုင် အဖွဲ့အစည်းများ စုစုပေါင်း (၂၃၀) မျှကို ဆက်စပ် လေ့လာပြီးနောက် အမေရိကန် Online လုံခြံုရေး အတွက် လစ်ဟာမှုများ ရှိနေသေးကြောင်း အစိုးရနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ အရာရှိများ က ဒီဇင်ဘာလ (၁၈) ရက်နေ့က ကြေငြာ ခဲ့သည်။

Cyberwer ဟု အမည် ပေးထားသော အဆိုပါ လေ့လာရေး အစီအစဉ် ကို နှစ်ရက်မျှ အချိန်ယူ ပြုလုပ်ခဲ့သည်။ ရုဒ်ကျွန်းစုများ ဆိုင်ရာ ဒီမိုကရက်တစ် အမတ် ဂျိမ်းစ်လက်ဗင်းဂ် ကလည်း အစိုးရ အနေ နှင့် ဆိုင်ဘာ လုံခြံုရေး ဆိုင်ရာ ခိုင်မာသော အစီအစဉ်များ ချမှတ် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here