အရေပြားဆဲလ်မှ အာရုံကြောဆဲလ်များအဖြစ် ပြောင်းလဲမှုအောင်မြင်

alt

အရေပြားဆဲလ်များကို အာရုံကြော ဆဲလ် များ အဖြစ် အောင်မြင်စွာ ပြောင်းလဲ နိုင်ခြင်း ဖြင့် သေစေ လောက်သော အာရုံကြော ဆိုင်ရာ ရောဂါသည် များ အတွက် မျှော်လင့် ချက် အသစ်ကို ဖော်ဆောင် ပေးနိုင် ခဲ့ကြောင်း ဆရာဝန် များ က ပြောကြား ခဲ့သည်။

အထူးသဖြင့် ကျောရိုး အတွင်းမှ အာရုံကြော ချို့ယွင်းမှုများကြောင့် အခက်ကြံု နေရသည့် လူနာများ ကို ယခုတွေ့ရှိမှု က များစွာ အထောက်အကူပြု နိုင်ရန် မျှော်လင့် ထားသည်။ ၀စ်စကောဆင် မယ်ဒီဆန် တက္ကသိုလ်မှ ဆရာဝန်များသည် ယောက်ျားလေး တစ်ဦးထံမှ အရေပြားဆဲလ်များကို ရယူကာ ပင်မဆဲလ်များအဖြစ် အသွင်ပြောင်း နိုင်ကြောင်း လက်တွေ့ဖော်ထုတ် လာနိုင်ခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်မှ ဆရာဝန်များ ပူးပေါင်း သုတေသနပြုမှု ၏ ရလဒ် အဖြစ် အဆိုပါ ကိစ္စအား ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ပြီး အာရုံကြောများ ဆိုးရွားစွာ ထိခိုက် ပျက်စီးနေသော ရောဂါသည်များ တွင် မကြာမီ ကာလများ အတွင်း လက်တွေ့ အသုံးချ သွားရန် ရည်ရွယ် ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here