ယူရို(၂၀၁၆)အတွက် စကန်ဒီးနေးဗီးယန်းနိုင်ငံများ အိမ်ရှင်ဖြစ်ခွင့် မလျှောက်ထား

alt

ယူရို(၂၀၁၆) အတွက် အိမ်ရှင်အဖြစ် စကန်ဒီနေးဗီးယန်း ဒေသ မှ နိုင်ငံများ အားလုံး လျှောက်ထား မည် မဟုတ်ဟု သိရ သည်။

ဆွီဒင် နှင့် နော်ဝေး ကဲ့သို့ ကြွယ်ဝသော နိုင်ငံများ သည် ယူရို ပြိုင်ပွဲကြီး လက်ခံ ကျင်းပရန် စိတ်ကူး ရှိ သော်လည်း ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) မှ ချမှတ် ထားသော စည်းမျဉ်းများ ကြောင့် လျှောက်လွှာ တင်မည့် အစီအစဉ် ကို လက်လျှော့ လိုက်ကြသည်။ UEFA အနေနှင့် ယူရိုပြိုင်ပွဲ အိမ်ရှင် ဖြစ်ခွင့် လျှောက်ထား သော နိုင်ငံများ တွင် ခေတ်မီ ဘောလုံးကွင်း နှင့် ကြည့်ရှုနိုင်သော ပရိသတ် ဦးရေ ဆိုင်ရာ တောင်းဆိုချက်များ ကို တိုးမြှင့် လိုက်သော ကြောင့် စကန်ဒီနေးဗီးယန်း နိုင်ငံများ အားလုံး အဆိုပါ ပြိုင်ပွဲကြီး အိမ်ရှင်ဖြစ်ခွင့်ရရေး စိတ်ကူးများကို လက်လွှတ် လိုက်ခြင်း ဖြစ်သည်။

UEFA မှ သတ်မှတ်ထားသော စည်းမျဉ်းများ အရ ဆွီဒင် လိဂ်ပြိုင်ပွဲများ ကျင်းပ နေသည့် ဘောလုံးကွင်းများ အနေနှင့် သတ်မှတ် အရေအတွက် ပြည့်မီရန် ခဲယဉ်းလျက် ရှိနေ သောကြောင့် လျှောက်လွှာ မတင်တော့ဟု ဆွီဒင် ဘောလုံးအဖွဲ့ချုပ် က ကြေငြာ သည်။ ဆွီဒင်နိုင်ငံသည် ဥရောပဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် (၁၉၉၂) ခုနှစ်က လက်ခံ ကျင်းပခဲ့ ဖူးပြီး (၁၉၅၈)ခုနှစ် ကမာ္ဘ့ဖလား ဘောလုံး ပြိုင်ပွဲကြီး ကိုလည်း အိမ်ရှင် အဖြစ် တာဝန်ယူ ကျင်းပ ခဲ့ဖူး သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here