နိုင်ငံရေး နှင့် ရွေးချယ်မှု

alt

နိုင်ငံရေး ဆိုသည့် အနက်ကို နိုင်ငံရေး ခေါင်းဆောင်များ၊ တတ်သိ ပညာရှင်များ က အဓိပ္ပါယ် ဖွင့်ဆို ကြရာ ဝယ် ၀ါကျ၊ တိုရှည်၊ စကားလုံး ရွေးချယ်မှု သာ ကွာမည်၊ တူညီသော အချက်က ”

နိုင်ငံရေး ဆိုသည် မှာ ပြဿနာများ ကို ဖြေရှင်း အဖြေရှာ ရေးပဲ ဖြစ်သည်။ ပြဿနာများ ကို အဖြေရှာရာ မည်သို့ မည်ပုံ အဖြေရှာမည်ကို စဉ်းစား ဆုံးဖြတ် ကြရာတွင်

နိုင်ငံရေး၌ ရွေးချယ်မှု ဟုဆိုသည်။ ရွေးချယ်မှုကို ပြုလုပ်ရာ ကိုယ့်မှာ ဘာ ရှိသည်၊ ကိုယ် ဘာလုပ်နိုင်သည်၊ ကိုယ့်ရဲ့ မျက်မှောက် ပကတိ အခြေအနေ၊ အရင်းအမြစ် များ အပေါ်ကို အခြေခံ ၍ သာ ပြုလုပ် နိုင်သည်။ ပကတိ တရား ကို ကျော်လွန်၍ ရွေးချယ်မှု ကို မပြုလုပ် နိုင်ပါ။ ဒီကနေ့ ကျနော်တို့ ခင်ဗျားတို့ ပြောနေ ကြသည့် ”မြန်မာပြည် ဒီမိုကရေစီ ရဖို့” နိုင်ငံရေး ပြဿနာတွေ ပြေလည် ဖို့ရာ တွေ့ဆုံ ဆွေးနွေး စကားပြော မှရမည်။

တချို့က လက်နက်ကိုင် စွဲပြီး စစ် အုပ်စုကို ဖြုတ်ချ ပြီးမှ ဒီမိုကရေစီ ရမည်။ စစ်တပ် နှင့် စကားပြော ၍ မရနိုင်။ တချို့ က သံတမန်ရေး တိုက်ပွဲ၊ စီးပွားရေး ပိတ်ဆို့မှု တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သတင်းတိုက်ပွဲ များဖြင့်သာ မြန်မာပြည် ဒီမိုကရေစီ ရနိုင်မည်။ တချို ့ကလည်း အားလုံး ပေါင်းစပ်ပြီး ဟန်ချက် ညီညီ တိုက်မှရမည်။ တချို့ကျ ပြန်တော့ စီးပွားရေး ပိတ်ဆို့မှု တွေ၊ သံတမန်ရေး ပိတ်ဆို့မှု တွေ မလုပ်ပဲ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (လူတွေ အလုပ်အကိုင် ရအောင် အရင်လုပ်) ကို အရင်လုပ်ဆောင်ပြီး၊ ပြည်သူ အင်အားရှိမှ နိုင်ငံရေး ပြောင်းလဲမှုတွေကို တဖြည်းဖြည်း ခြင်းပြောင်းလဲ လုပ်ဆောင်၊ သို့မှသာ ” မြန်မာပြည် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှု လက်တွေ့ ကျမည်…” အစ ရှိသဖြင့် ငြင်းခုံ ကြသည် ကို နိုင်ငံရေး ၏ ရွေးချယ်မှု ဟုဆိုသည်။

လူတိုင်း၊ လူတိုင်း လွတ်လပ်သည် ့လူ့ဘောင် အဖွဲ့အစည်း မှာ နေထိုင်သည် ဖြစ်စေ၊ မလွတ်လပ်သော လူ့ဘောင်အဖွဲ ့အစည်းမှာ နေထိုင်သည် ဖြစ်စေ၊ ကိုယ်ကြိုက်ရာ ကို ကိုယ်ရွေးချယ် နိုင်သည် မှာ တော့ ရှင်းပါ သည်။

ရရှိလာမည့် ကောင်းကျိုးဆိုးမွေ အဖြာဖြာကို၊ ရွေးချယ်သူတို့နှင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ ခံစား စံစားကြရမှာလည်း အမှန်ပင်၊ စာရေးသူ ဆိုခဲ့သည့်အတိုင်း၊ လူတိုင်း၊ လူတိုင်း ကိုယ်ကြိုက်ရာ ကိုယ်တိုင် ရွေးချယ်နိုင်သည်။

သို့သော်…နိုင်ငံရေးမှာ ရွေးချယ်မှု ပြုရာတွင် “အင်အား” သည် ပဓာန ကျသည်။ အင်အား ကို ဗဟိုပြုသော၊ အခြေခံသော ရွေးချယ်မှု ကို ပြုမှသာ သက်ဆိုင်ရာအဖွဲ ့အစည်း၏ အကျိုးစီးပွား ကို အကောင်းဆုံး ဖော်ဆောင်နိုင် သလို၊ အကာအကွယ် ပြုနိုင်သည် ကိုတော့ အမှတ်ထားဖို့ လို သည်။

သို့သော် … ကနေ့ ဒီမိုကရေစီ လိုလားသူများ၏ ငြင်းခုံမှု အများစုမှာ အင်းအားနှင့် ဆက်စပ်ခြင်း အလျဉ်း နည်းပါး သည်။ အင်အားဆိုသည်ကို သုံးသပ်စိတ်ဖြာပြီး၊ အင်အား ဘယ်လိုရှိ အောင် လုပ်ရမည် ဆိုသည် ကို ဦးတည်သည် ထက် ”နအဖ” က ဘယ်လို မတရား လုပ်သည်၊ ရက်စက် သည်၊ လူ့အခွင့်အရေး ချိုးဖောက် သည်။ တရားဥပဒေ နှင့် မညီပြုမူသည် အစ ရှိသည်များ ကို အငိုသန်သည့် ကလေးတဦးလို ‘ထစ်’ ကနဲရှိ ဗြဲကနဲ ငိုချလိုက်မယ် ဆိုသော အတွေးနှင့် လုပ်ဆောင်မှုများ သာ တွေ့မြင် နေရသည်။ ဒီလို ဖြစ်ရ ခြင်းသည် တဖက်ရန်သူ ၏ သဘော သဘာဝ နှင့် စရိုက် လက္ခဏာ၊ လက်တွေ့ လုပ်ဆောင် ပြချက်များကို နားမလည် ၍ ပဲလား! သို့မဟုတ် ဒီလိုငိုပြ နိုင်ခြင်း ကပဲ မြန်မာပြည် နိုင်ငံရေး ၏ ရွေးချယ်မှု အမှန်ပဲလား! ဆိုသည် ကတော့ နောင်ဆက် ဆွေးနွေးစရာ ဖြစ်သွား တော့သည်။

နိုင်ငံရေး၏ အစစ်အမှန် တရားဖြစ်သည့် အင်အားနှင့် အာဏာကို အခြေပြုပြီး တိုက်သောတိုက်ပွဲ မဟုတ်ပဲ၊ စိတ်ဓါတ်၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ လွတ်လပ်မှုဆိုသော အတွေးအခေါ် သဘောတရား သက်သက်ကိုသာ အခြေခံသော ကျနော်တို့၏ ဒုတိယမ္မိ လွတ်မြောက်ရေး တိုက်ပွဲမှာ၊ မည်သို့သော ရွေးချယ်မှု များကိုပဲ ပြုလုပ်ပါစေ အောင်မြင်ဖို့ရန် အကြောင်းမမြင်ပဲ အရှည်မှာ အဆုံးအရှုံးကြီးစွာ ပေးဆပ်ရဖို့သာ ရှိလေတော့သည်။ ထိုနည်းတူစွာဲ တိုက်ပွဲတွင် အဓိကပါ၀င် တိုက်ခိုက်နေသည့် ကိုယ့်ရန်သူ၏ ရွေးချယ်မှုကိုလည်း သိရှိ၊ နားလည်၊ လက္ခံဖို့ ဆိုသည်မှာ လည်း အောင်ပွဲ၏ သော့ချက်ဖြစ်သည်။ ယနေ့ ”နအဖ” ဆိုသည်မှာ ”Absolute Power” အကြွင်းမဲ့ အာဏာ ဖြစ်သလို၊ အတိုက်အခံများနှင့် သဘောထား ကွဲလွဲသူများ ကို “Wipeout” အလုံးစုံ ပျက်သုဉ်းရေး နှင့် ပြုတ်ပြုတ်ပြုန်း ချေမှုန်းရေး ပင် ဖြစ်သည်။ ထိုအရာ နှင့် ပတ်သက်သော ရှေး အတိတ် က နမူနာ လေးတခုကို အခွင့်သင့် ၍ ချပြ ချင်သည်။ ရှေးခေတ် ဂရိ(စ်) သမိုင်းတွင် မြို့ပြကျွန်း နိုင်ငံငယ်လေးများ ပင်လယ်ပြင် စိုးမိုးရေးနှင့် အင်ပါယာနိုင်ငံ ထူထောင်ရေး ကြိုးပမ်းရာမှ ဖြစ်ပွားသော ပယ်လိုပိုနေရှန်း (Peloponnesian war) စစ် ပွဲတခု အကြောင်း ဖြစ်သည်။

အဓိက စစ်ပြိုင်ဖက် နှစ်ဦး မှာ အေသင် နှင့် စပါတာ (Athens & Sparta) ဖြစ်ကြပြီး မဲလို့စ် ကျွန်း (Melos Island) နိုင်ငံငယ်လေး မှာ ထိုနိုင်ငံရေး ရန်ဖက် နှစ်ဦးကြား ကြားနေ နိုင်ငံ အဖြစ်တလျှောက်လုံး ရပ်တည်ခဲ့သော စပါတာတို့နှင့် နီးစပ်သော ကျွန်း နိုင်ငံ ဖြစ်သည်။ သို့သော် အရှည်တွင် မဲလို့စ်၏ ကြားနေမှုသည် အေသင် တို့၏ ဩဇာအာဏာ တည်ရှိ ကြီးထွားမှု ကို ကြီးစွာသော အတားအဆီး အနှောက်အယှက် ဖြစ်လာရာ အေသင် တို့က စတင်ပြီး ရန်စ တိုက်ခိုက်ခြင်း များ ပြုလုပ်လာသည့် အဖြစ်ကို ရောက်ရှိလာခဲ့ရသည်၊ နောင်တွင် မဲလို့စ် တို့ ကလည်း အေသင်ကို တရားဝင် ရန်သူအဖြစ် ပြန်လည် တုန့်ပြန် တိုက်ခိုက်ခြင်း များ ပြုလုပ်ရာ၊ အေသင် – မဲလို့စ် ၁၆ နှစ်ကြာ စစ်ဖြစ်ပွား ခဲ့ရသည်။ အောက်ဖော်ပြပါ စကားစုအချို ့မှာ အေသင်နှင့် မဲလို့စ်တို့ စစ်မဖြစ်ပွားမီ သံတမန်ရေး ဆွေးနွေးပွဲ မှ စကားစုများ ဖြစ်သည်။

အေသင်။ ။ ကျွန်ုပ်တို့ ရည်ရွယ်ချက် မှာ မဲလို့စ် တို့ နှင့် စစ်မဖြစ်ရပဲ မဲလို့စ် တို့ ၏ ပူးပေါင်း ဆောင်ရွက်မှု ကို အလို ရှိ သည်။ ကျွန်ုပ်တို့ ၏ ကမ်းလှမ်းချက် မှာ မဲလို့စ် တို့ လက်နက်ချ ပါ။ အေသင် အင်ပါယာ ၏ ဩဇာ အာဏာ တည်ရှိမှု ကို လက်ခံ ရိုကျိုးပါ၊ ကျွန်ုပ်တို့ အနေ နှင့် မဲလို့စ်၏ လုံခြံုမှု နှင့် တည်ရှိမှု ကို အာမခံ မည်၊ သို့မဟုတ် ပါက မဲလို့စ် တို့ ပျက်ဆီး ပျက်သုဉ်း ခြင်း ကို ကြံုတွေ ့မည်။

မဲလို့စ်။ ။ ငါတို့ သည် ဒီတိုင်းပြည် ဤမြေတွင် လွတ်လပ်စွာ ဘိုးဘွားစဉ်ဆက် နေထိုင် လာသည်မှာ နှစ်ပေါင်း ရ၀၀ ရှိပြီ။ ငါတို့တို့သည် လွတ်လပ်ခွင့် နဲ့ လွတ်လပ်ရေး ကို ချစ်မြတ်နိုး ၏။ ဆက်လက်ပြီးလည်း ငါတို့ အခွင့်အရေး များအား ထိန်းသိမ်းသွား မည် ဖြစ်ပြီး။ ငါတို့ အေသင်ကို မိတ်ဆွေ အဖြစ် တည်ရှိဖို့သာ ကမ်းလှမ်းသည်။ အေသင်နဲ့ စပါတာတို့ကိုပါ ရန်သူ မဖြစ်ချင်သလို မဟာမိတ် နိုင်ငံမဟုတ်သော ကြားနေ နိုင်ငံအဖြစ်၏ ရပ်တည်မှုကိုပဲ အလို ရှိသည်။ ငါတို့သည် တရားမျှတမှုကို အလိုရှိပြီး၊ လွတ်လပ်မှု ကို ချစ်မြတ်နိုး သည့် စိတ်ကို၊ ဘုရား သခင်များ က စောင့်ရှောက် လိမ့်မည်။ စပါတာ တို့လည်း အခုလို သူတို့ အနီးနား က အိမ်နီးချင်း နိုင်ငံငယ် တခုကို အေသင်တို့ မတရား သိမ်းပိုက်မှုကို လက်ပိုက်ကြည့် နေမည် မဟုတ်ဟု ဆို၏။

ထိုအချိန် မဲလို့စ် တို့သည် ကြားနေမှု အဆိုကို ငြင်းပယ်သည်။ ထို့အပြင် မဲလို့စ်တို့၏ တရားမျှတမှု (Justice)၊ ဘုရားများ (Gods)၊ နဲ့ စပါတာ (Sparta) တို့အပေါ် အသနားခံမှု၊ အားကိုးမှုဟာလည်း မှန်ကန်တဲ့ အဖြေ မဟုတ်ဆိုတာ အား အေသင်တို့က အခုလို ထောက်ပြသည်။

”မဲလို့စ်… နတ်ဘုရားများ နဲ့ ယောကျ်ားများ ဆိုတာ အင်အားကို ပဲ လေးစားတယ်။ ကျွန်ုပ် တို့ ယုံကြည်သမျှ နတ်ဘုရားများ အားလုံး၊ သိသမျှသော ယောကျ်ား အားလုံးဟာ သူတို့ရဲ့ သဘာဝ အတိုင်း၊ သူတို့ စိုးမိုးအုပ်ချုပ် လို့ ရတဲ့ နေရာမှန်သမျှ အားလုံးကို အုပ်ချုပ် စိုးမိုးမှာပဲ ဖြစ်တယ်။” စပါတာ ကိုလည်း မျှော်မနေပါနဲ့၊ စပါတာ တို့ မဲလို့စ် ကို တိုက်ခိုက် ပေးမဲ့ အချိန် ဆိုတာ စပါတာတို့ ရဲ့ အကျိုးစီးပွား ကို တိုက်ရိုက် ထိခိုက်ခြင်း (သို ့) အကျိုး ဖြစ်ထွန်းစေ မှပဲ ရမယ်။ စပါတာ တို့ အနေနဲ့ မဲလို ့စ် တို့ အတွက် အေသင် ကို စစ်ယှဉ် တိုက်ဖို့ ဆိုတာ၊ စပါတာ တို့ အကျိုးစီးပွား အတွက် မလုံလောက် သေးသလို၊ အဲဒီလောက် လဲ အင်အား မရှိသေးဘူး လို့ဆိုတယ်။

ဒီလိုဆိုတော့ မဲလို့စ် တို့ အစစ်အမှန် တရားကို လက်ခံပါ။ ” မဲလို့စ််…အသင် တို ့သိသလို၊ ကျွန်ုပ်တို့ လည်း သိတယ်။ ဒီကမ္ဘာ ကြီး ဆက်လက် ရှင်သန်တည်မြဲ နေသမျှ ကာလပတ်လုံး၊ အခွင့်အရေး ဆိုတာ အင်အား အာဏာချင်း တူမျှသူတွေ ကြားမှာပဲ တောင်းဆိုခွင့်၊ မေးမြန်း ခွင့် ရှိတယ်။ အားကြီး သူတိုင်း အင်အား ရှိသူတိုင်းဟာ သူတို့ လုပ်စရာရှိတာ၊ လုပ်နိုင်တာ မှန်သမျှ ကို လုပ်သွားမှာ ဖြစ်သလို၊ အားနည်းသူ၊ အင်အား မရှိ သူတိုင်း ဟာလည်း သူတို့ ခံစရာရှိတာကို ခံသွား ရမှာပဲဖြစ်တယ် (The Strong Do What They Can; The Weak Suffer What They Must) လို့ ဆိုသတဲ့”

“မဲလို့စ်..တကယ့်ယောကျ်ား အစစ်အမှန်ဆိုတာ၊ ကိုယ့် မျက်စိရှေ့မှာ ပကတိ မြင်နေရတဲ့ အရာကိုပဲ ယုံကြည် လက်ခံသင့်တယ်။ အခု အေသင်တို့ရဲ ့ကြီးမား တဲ့ ရေတပ်၊ မြင်းတပ်၊ မြှားတပ်၊ ကြည်းတပ် တို့ဟာ မဲလို့စ် ကို အလုံးအရင်းနဲ့ ဝိုင်းရံ ထားကြတယ်၊ အချိန်မရွေး တိုက်ခိုက် ဖျက်ဆီး နိုင်တယ် ဆိုတာ မျက်မှောက်တရားပဲ။ ကျွန်ုပ်တို့ အနေ နဲ့ မဲလို့စ်ကို စစ်မပြု ရပဲ မဲလို့စ် တို့ရဲ့ ပူးပေါင်းမှု ကို အလိုရှိ သော်လည်း၊ စစ်အင်အား ကို အသုံးပြု ပြီး တိုက်ခိုက် ချေမှုန်းဖို့ လည်း အဆင့်သင့် ပဲ။ အဲတော့..မဲလို့စ် တို့ ရွေးချယ်ပါ။ လက်နက်ချ မလား? (ဒါမှမဟုတ်) အသေခံ မလား?….. ကျွန်ပြုခံ မလား? ”

မဲလို့စ် တို့ဖက် ကလည်း ငါတို့ အတွက် မျှော်လင့်ချက် (Hope) ဆိုတာ အသက်ပဲ။ လက်နက်ချ မဲ့ အစား ပြန်လည် ခုခံ တိုက်ပွဲဝင် တာကမှ ငါတို့ရဲ့ လွတ်လပ်ရေး နဲ့ အကျိုးစီးပွား တည်မြဲ ရှင်သန်ရေး ကို မျှော်လင့် နိုင်တယ် လို့ ဆိုပြန် သတဲ့။

အေသင် က မျှော်လင့်ချက် (Hope) ဆိုတာ အန္တရာယ် ကို ခဏတာ သက်သာရာ ရစေတဲ့ အရာ တခု ပဲလို့ ချေပ ဆိုပြီး ၁၆ နှစ်ကြာ စစ်ပွဲကို စတင် ပါလေ တော့တယ်။

အထက်ပါ စကားစု တို့မှာ မဲလို့စ်ကျွန်းနိုင်ငံငယ် မပျက်သုဉ်းမီ(စစ်ပွဲ အပြီး ယောကျ်ားအားလုံး အသတ်ခံရပြီး၊ မိန်းမ နှင့် ကလေးများ ကျွန်အဖြစ် ရောင်းချခြင်း ခံရသည်။) အေသင် နှင့် မဲလို့စ် တို့၏ ဆွေးနွေးပွဲ မှ စကား အချင်းအရာ များ ဖြစ် သည်။

ဆွေးနွေးပွဲ ၏ လိုရင်းမှာ အေသင်တို့ က မဲလို့စ် တို့ ထက် စစ် အင်အား၊ နိုင်ငံရေး အင်အားမှာ အစများ စွာ သာလွန် ကြီးမားသည်။ ဒီအချက် ကို အခြေခံပြီး အေသင် တို့က တဖက်ကို ပြောသော စကားသည် မှာ ရှင်းလင်း၊ ကျယ်လောင်၊ ပြတ်သား လှသည်။ မဲလို့စ် တို့ လက်နက်ချ မလား? အလုံးစုံ ပျက်သုဉ်း မလား? ဆိုသည်ပဲ ဖြစ်သည်။ နိုင်ငံရေး မှာ တရားမျှတမှု တို့၊ ယုံကြည်မှု တို ့၊ ဘုရားသခင် တို ့၊ မျှော်လင့်ချက် တို့ ့ဆိုတာထက် အင်အားက အခရာ ဖြစ်သည်။ ဓမ္မ နဲ့ အဓမ္မ အငြင်းပွား နေမှာ ထက်၊ အကြမ်းဖက်မလား? အကြမ်းမဖက် ဖူးလား? ဒွိဟ များ နေမှာ ထက်၊ အနိုင်ရ ဖို ့က ပထမ သည် သာ ဖြစ်သည်။

မဲလို့စ် တို့ ဘက်က တော့ ဓမ္မ၊ လွတ်လပ်ခွင့်၊ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ဘုရားသခင် တို့ သည်ကိုသာ အားကိုးသည် အရေးကြီးသည်။ လက်နက်ချ အညံ့ခံမှာထက် တိုက်ရင်း သေသည် က သူတို့ အတွက် မြင့်မြတ်မှု ရှိသလို၊ မျှော်လင့်ချက် ရှိနိုင်သည်၊ ခုံမင်သည်။ နောက်….သူတို့ရဲ့ တရားမျှတသော တိုက်ပွဲ အတွက် အခြားသူ များကလည်း လက်ပိုက်ကြည့် မနေနိုင် ဝင်ရောက် ကူညီမည် ဟု ထင်မှတ် မှားသည်။

ဒီနေရာမှာ စာရေးသူတို့ မြန်မာပြည် ရဲ ့အခြေအနေ ကို ခဏအစားသွင်း ချိန်ထိုး ကြည့်ရရင်၊ နအဖ ၏ အသံက ကျယ်လောင်၊ ပြတ်သား၊ ရှင်းလင်း သည်။ အတိုက်အခံများ အား လက်နက်ချ အညံ့ခံမလား? ပျက်သုဉ်း မလား? အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ တွေ့ဆုံ ဆွေးနွေးရေး တို့ကို စကား ထဲ ပင်ထည့် မပြော။ တရားမျှတမှု တို့၊ ဥပဒေစိုးမိုးရေးတို့၊ လူ့အခွင့်အရးတို့ ဆိုတာ နိုင်ငံရေး မှာ အဓိက မဟုတ်၊ အင်အား နှင့် အနိုင်ရရေးသာ အဖြေဖြစ်သည် ဆိုတာကို လက်တွေ့ ပြသည်။

အမေရိကန် နှင့် ဖွံဖြိုးပြီး နိုင်ငံတို့ ဆိုတာ သူတို့ ကုမ္မဏီများ အနှီးဒေသသို့ သွားရောက် ဖွင့်လှစ် ပြီး၊ ကမ္ဘာကြီး မှာ အမြဲ နှာတဖျား သာအောင် လုပ်ဖို့နှင့် တဖက်မှာ သူတို့ရဲ့ နိုင်ငံရေး လက်တံများ ဖြစ်သော NGOs များကို အတိုက်အခံများဆီ စေလွှတ်ပြီး၊ ၎င်းတို့ လူမျိုးများ လုပ်ငန်းကိုင်ငန်းရရှိဖို့၊ သုတေသနလုပ်ဖို့၊ သူ့တို့ အတွေးအခေါ်အများကို ဖြန့်ဖြူးပြီး ဆရာကြီး လုပ်ဖို့ လောက်ကို သာ စိတ်ဝင် စားပြီး၊ လက်တွေ့ မှာ မြန်မာ့ အရေး ကို ထိထိ ရောက်ရောက် အကုန်အကျခံ လုပ်ဆောင်ဖို့ မရှိဘူး ဆိုတာကို “နအဖ” အနေနဲ့ ကျေလည်စွာ သဘောပေါက် ထားသည်။

တရုတ်၊ အာဆီယံ၊ အိန္ဒိယတို့ ဆိုတာလည်း၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံများ ယနေ့အခြေအနေလို ကြွယ်ဝချမ်းသာပြီး၊ အင်အား တောင့်တင်းတဲ့ နိုင်ငံများဖြစ်လာဖို့ ဘယ်လိုလုပ်ခဲ့သည်၊ ဘာတွေလုပ်ခဲ့သည် ဆိုတာကို သမိုင်းကျေထားပြီး ဖြစ်သည့်အလျောက်၊ မြန်မာနိုင်ငံ က ဈေးပေါပေါ ရသည့် ကုန်ကြမ်းများ၊ လုပ်အားများ နှင့် ဝယ်ယူ သုံးစွဲမှုများကို မျက်နှာပျက်ခံပြီး မြန်မာ့အရေး ဖြန်ဖြေရေး အတွက် မဖြစ်နိုင် ဆိုတာကို “နအဖ” သိထား ပြန်သည်။

ထို ့အပြင် အထက်မှာ အဆိုရှိခဲ့သည့် အတိုင်း၊ တိုင်းနိုင်ငံများဆိုသည်မှာ ကြီးသည် ငယ်သည် မရှိ၊ ရရင် ရတဲ့နေရာ အုပ်ချုပ် စိုးမိုးချင်ကြသည်မှာ သဘာဝဖြစ်သည့် အလျောက်၊ အားလုံး သူ့လမ်းသူရှာပြီး တဖက်ကို ဩဇာအာဏာ လွှမ်းမိုးဖို့အတွက် ကြိုးပမ်းနေကြသည် ချည်းသာ ဖြစ် သည်။

ဒီလို အခြေအနေမျိုး ထဲမှာ စာရေးသူ တို့ မြန်မာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ကြသူများ ရွေးချယ်မှုကို ပြုလုပ်ရာ “အင်အား” ကို ဘယ်လိုရှာဖွေမည်၊ တည်ဆောက်မည် ဆိုသည်မှာ သေချာ၊ ရှင်းလင်း၊ တိကျဖို့ အရေးကြီးသည်။

ဒီဆောင်းပါး၏ ရည်ရွယ်ချက်သည် ကနေ့ မြန်မာပြည်၏ လက်ရှိအခြေအနေကို ကြည့်၍ “နအဖ” ကို လက်နက်ချဖို့၊ လိုက်လျောဖို့ ရေးသားခြင်း မဟုတ်သလို၊ တဖက်မှာလည်း အလုံးစုံ ပျက်သုဉ်းခြင်း ဆီသို့ မရောက်ပဲ ကိုယ်လိုရာ ပန်းတိုင် ကို ဘယ်လို ရောက်အောင် လျှောက်လှမ်း မလဲ ဆိုသည်ကို ဦးတည် သည်။

ဒီထက် ပိုပြီး လေးနက်ရရင် ကျနော် တို့ရဲ့ ရွေးချယ်မှု တိုင်း ဟာ၊ စစ်ကျွန်ခံ ဖို့ မဟုတ် သလို၊ တရုတ် ကျွန်ခံဖို့ လည်း မဟုတ်။ အဲဒီလိုပဲ အနောက် ကျွန်ခံဖို့ လည်း မဟုတ်တန် ရာ ဆိုတာ လည်း ရှင်းထား ဖို့တော့ လိုသည်။

မြန်မာ ရာဇဝင်မှာ ”စစ်တိုက်ရင် နိုင်မှ ကောင်းပါ သည် ဘုရား” ဟု လျှောက်ထား ခဲ့ဘူး သည့် ကင်းဝန်မင်းကြီး ၏ ဆိုရိုးလည်း ရှိထား ခဲ့သည်။ ဆိုတော့ စာရေး သူတို့သည် နိုင်ငံရေး ရဲ့ အစစ်အမှန်တရား ကို ဦးဆုံး လက်ခံ ယုံကြည်ရမည်။ တိုက်ရင် နိုင်အောင် တိုက်ရမည်။ အခွင့်အရေး ဆိုတာ အင်အား အာဏာချိန်ခွင်ညှာ တူမျှသူတွေကြားမှာသာ ဆွေးနွေး ပြောဆိုနိုင်သည်။ ကျနော်တို့ အင်အား ဘယ်လိုရှာဖွေမလဲ? ဘယ်လို ဗျူဟာများနဲ့ တည်ဆောက်ကြ မလဲ? အင်အားကို အခြေပြုတဲ့ ရွေးချယ်မှုကို နိုင်ငံရေးမှာ ဘယ်လို ရွေးချယ်မလဲ၊ ထိရောက်အောင် ဘယ်လို အသုံးချမလဲ ဆိုတာ ……. ။

ကျော်ငြိ်မ်းမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here