လာမည့်နှစ်တွင် မိုးပျံကားများ စတင်ရောင်းချမည်

alt

မိုးပေါ်ပျံနေသည့် ကားများကို ရုပ်ရှင်များ ထဲတွင်သာမက အပြင် လောက တွင်ပါ တွေ့ရ တော့မည် ဖြစ်သည်။ (၂၀၀၉) ခုနှစ် အကုန် လောက်တွင် စတာလင်ပေါင် (၁၂၇၀၀၀) တန်ဖိုးရှိ မိုးပျံကားများ အား တယ်ရာဖူဂီယာ ကုမ္ပဏီ မှ စတင် ရောင်းချ သွားမည် ဖြစ်သည်။

ယခု ကတည်းက စတာလင်ပေါင် (၆၅၀၀) မျှ ငွေကြိုတင် ပေးသွင်းပြီး ယခုကတည်းက မှာယူ နိုင်ပြီဟု ကုမ္ပဏီ ကဆိုသည်။ အဆိုပါ ကားများ သည် အပေါ်အောက် သို့ ရဟတ်ယာဉ် များ သဖွယ် အတက်အဆင်း ပြုလုပ် နိုင်မည် မဟုတ်သော်လည်း တိုတောင်းသော ပြေးလမ်း ကလေးဖြင့် လေထဲ တက်နိုင်မည် ဖြစ် သည်။ အတောင်များ ဖြန့်တန်း ထားချိန်တွင် (၂၇.၅) ပေထိ အရှည်ရှိ သော အဆိုပါ ကားတစ်ပိုင်း၊ လေယာဉ်တစ်ပိုင်း လေးသည် လေထဲ တွင် (၁၁၅) မိုင်အထိ မြန်နှုန်းမြင့် အောင် ပျံသန်းနိုင်ပြီး ဆီတစ်ခါ ထည့်ထား ပါက မိုင်ပေါင်း (၄၆၀) ထိ မရပ်မနား သွားနိုင်သည်။

မြင်းကောင်ရေ (၁၀၀) အားရှိသော အင်ဂျင်ကို အသုံးပြု ထားသောကြောင့် ကုန်းပေါ်တွင် လည်း ပြိုင်ကား တစ်စင်းသဖွယ် မိုင်ကုန်တင် မောင်းနှင် နိုင်ကြောင်း သိရ သည်။ ထို့ကြောင့် တစ်ချိန်က စိတ်ကူးယဉ် သိပ္ပံ ဇာတ်ကားများ တွင်သာ တွေ့မြင် ခဲ့ရသည့် မိုးပျံကားများကို မဝေးသော အနာဂါတ် တွင် လက်တွေ့ မောင်းနှင် နေကြ တော့မည် ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here