သွေးကင်ဆာ ကုသနိုင်ရေး နီးစပ်လာပြီဟုဆို

alt

သိပ္ပံပညာရှင်များ သည် လူ့ခန္ဓာကိုယ် အတွင်း သွေးဆဲလ်များ ပျက်စီးမှု အကြောင်း အရင်းများ နှင့် ၎င်းတို့ကို တားဆီး နိုင် မည့် နည်းလမ်းများကို တဖြည်းဖြည်း ဖော်ထုတ်လာ နိုင် သော ကြောင့် သွေး ကင်ဆာ ရောဂါရှင် ကလေးငယ် များ အတွက် သတင်းကောင်း တစ်ရပ် ဖြစ်လာ နေခဲ့သည်။

ကြွက်များ တွင် စမ်းသပ်ရာမှ သွေးကင်ဆာ ၏ ဖြစ်ရပ် အဆင့်ဆင့် ကို အသေးစိတ် ဖော်ထုတ်နိုင်ခဲ့ပြီး ကျန်းမာ သန်စွမ်းသော ဆဲလ်များ မှ ကင်ဆာ ဆဲလ် များ မည်ကဲ့သို့ ၀ါးမျို ဖျက်ဆီးမှု ခံရခြင်း ကို တွေ့ရှိ လာခြင်းဖြစ်သည်။ ထို အခြေ အနေ သည် ဆေးပညာ လောကအတွက် သတင်းကောင်း တစ်ရပ် ဖြစ်လာ ခဲ့ပြီး ကလေးငယ်များ သွေး ကင်ဆာဖြင့် သေဆုံး နေမှုကို တွန်းလှန် နိုင်မည့် ခြေလှမ်းသစ် တစ်ရပ်အဖြစ် ဆရာဝန်များ က ရှုမြင် နေကြသည်။

ချီကာဂို ဆေးပညာ ဌာနမှ ယခုစမ်းသပ်မှု ကို အကောင်အထည် ဖော်နိုင် ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များ အတွက် အဓိက ခြိမ်းခြောက် နေသည့် ရောဂါ တစ်ခုဖြစ်သော သွေးကင်ဆာ ကို အမြစ်ဖြတ် ချေမှုန်းရန် ပညာရှင်များ က ဆန္ဒ ပြင်းပြ နေသည်။ သွေးကင်ဆာသည် ရောဂါကာကွယ်စွမ်း မြင့်မား သည့် သွေးဖြူဥ များဆိုင်ရာ ရောဂါ တစ်မျိုးဖြစ်ပြီး ကမာ္ဘတလွှားတွင် ခလေးငယ် များ၌ ပိုမို အဖြစ်များ ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here