ဗီတာမင်ကြောင့် ကင်ဆာကို မကာကွယ်နိုင်ပါ

alt

ဗီတာမင် ဆေးဝါးများ စားသုံးခြင်းဖြင့် ကင်ဆာ ရောဂါများ ကာကွယ်နိုင်ရေး အထောက်အကူ ပြုနိုင်သည်ဟု နှစ်ပေါင်း များစွာ စွဲမြဲ ယုံကြည်လာမှု အား စွန့်လွှတ်ရန် အချိန်တန် ခဲ့ပြီဖြစ်သည်။

လေ့လာမှု အသစ်များ အရ ယခင်က ကင်ဆာ ကာကွယ်နိုင်သည် ဟု မှတ်ယူခဲ့သည် beta carotene အပါအဝင် ဗီတာမင်Cနှင့် ဗီတာမင် E ဆေးပြားများသည် ကင်ဆာ တားဆီးရေးအတွက် အာနိသင် လုံးဝမရှိဟု သိရှိလာရသည်။ အမေရိကန်နိုင်ငံ၊ ဘော်စတွန်ရှိ ဟားဗတ် ဆေးတက္ကသိုလ် မှ ဒေါက်တာဂျိုအန်မေဆင်က ဗီတာမင် ဆေးဝါးများ ဖြင့် ကင်ဆာကို ကာကွယ်နိုင် သည်ဆိုသည်မှာ အလွန် မှားယွင်းသော ယုံကြည်မှု သာ ဖြစ်ခဲ့ကြောင်း ၀န်ခံ ခဲ့သည်။

ပျမ်းမျှ အသက်(၆၀) ရှိ အမျိုးသမီး (၇၆၂၇) ဦးကို (၉) နှစ်ကြာမျှ ခြေရာခံ သုတေသန ပြုလုပ် ကြည့်ခဲ့ပြီး ယခု ရလဒ်ကို အတည်ပြု နိုင်ခဲ့ခြင်းဟု ဒေါက်တာမေဆင် က ဆိုသည်။ ထို အမျိုးသမီးများ ကို နေ့စဉ် ဗီတာမင် C နှင့် E ဆေးလုံးများ အပြင် beta carotene ဆေးများ တိုက်ကျွေးပြီး စာရင်း ပြုစု ခဲ့ကာ နောက်ဆုံး စစ်ဆေးမှု အတွင်း ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်း အတွက် သိသာသော အားသာမှုမျိုး လုံးဝ ရှိမနေကြောင်း ဆရာဝန်များ က အတည်ပြု ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here