မြောက်ကိုရီးယား ဒုက္ခသည်တွေကို မြန်မာနိုင်ငံက လွှတ်ပေး

alt

မြန်မာ နိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် မြောက် ကိုရီးယား ဒုက္ခ သည် (၁၉) ဦးတို့မှာ ပြန်လည် လွှတ်ပေး လိုက်ပြီဟု မြန်မာ စစ် အာဏာပိုင်များ က ပြောဆို ခဲ့သည်။

၎င်းတို့ သည် အိမ်နီးချင်း ထိုင်း နိုင်ငံသို့ ပို့ဆောင် ပေးခြင်း ခံခဲ့ရပြီး ထိုမှ တဆင့် ၎င်းတို့ ၏ လွတ်မြောက်ရာ မြေ တောင် ကိုရီးယား သို့ ရောက်ရှိ ခိုလှုံနိုင် တော့မည် ဖြစ်သည်။ ဒီဇင်ဘာလ (၂)ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့တွင် အဖမ်းခံ ခဲ့ရသော မြောက်ကိုရီးယား ဒုက္ခ သည် တို့အနေနှင့် (၁) လကြာမျှ အကျဉ်းချခံ နေခဲ့ ရပြီးနောက် (၂၀၀၉) ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင်မူ လွတ်မြောက်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံ သည် မြောက်ကိုရီးယား ဒုက္ခသည်များ လွတ်မြောက်ရေး အတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့ပြီး မြန်မာ စစ် အစိုးရ ထံသို့ လည်း တရားဝင် ပန်ကြားမှုများ ပြုလုပ် ခဲ့သေးသည်။ မြောက် ကိုရီးယား နိုင်ငံသည် ကမာ္ဘပေါ်တွင် ဆင်းရဲကြပ်တည်းမှု အကြီးမားဆုံး နိုင်ငံများအနက် တစ်ခုအဖြစ် စာရင်းဝင်နေပြီး နှစ်စဉ် ပြည်သူ များစွာတို့မှာ အိမ်နီးချင်း တောင်ကိုရီးယားသို့ ထွက်ပြေး ခိုလှုံလျက်ရှိကြပြီး ယခုအခါတွင် တောင်ကိုရီးယား နိုင်ငံအတွင်း အနည်းဆုံး မြောက်ကိုရီးယား ဒုက္ခသည် (၁၄၀၀၀) ကျော်အား နိုင်ငံသား အဖြစ် ခိုလှုံခွင့် ပေးပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here