ကိုလံဘီယာ လွန်းပျံယာဉ် ပျက်ကျမှုအတွက် နာဆာမှ အသေးစိတ်သတင်းထုတ်ပြန်

alt

(၂၀၀၃)ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့က ဖြစ်ပွားခဲ့သော ကိုလံဘီယာ လွန်းပျံယာဉ် ၏ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုး အား နာဆာ အဖွဲ့ကြီးမှ ပထမဆုံး အကြိမ် အသေးစိတ် အစီရင်ခံစာ တစ်ရပ်

ကမာ္ဘသိ ထုတ်ပြန် ကြေငြာ လိုက်ပြီ ဖြစ်သည်။ ထိုစဉ်က ကိုလံဘီယာ အာကာသ ယာဉ် သည် ကမာ္ဘ့ လေထု အတွင်း ထိုးဖောက် ၀င်ရောက် နေစဉ် ဘယ်ဘက် တောင်ပံမှ အပေါက်ကြီး တစ်ပေါက် ပေါ်လာခဲ့ပြီး မီးလောင် ပေါက်ကွဲခဲ့ သဖြင့် လိုက်ပါလာသူ အာကာသယာဉ်မှူး (၇) ဦးစလုံး သေဆုံး ခဲ့သည်။ ယခု အခါ တွင် အဆိုပါ ဖြစ်စဉ် နှင့် ပတ်သတ်ပြီး စုံစမ်း ဖော်ထုတ် နိုင်သမျှ အသေးစိတ် အချက်အလက် များ ကို နာဆာ က တရားဝင် ဖော်ထုတ် လိုက်ပြီ ဖြစ်သည်။

နာဆာ၏ မှတ်တမ်းအရ မြေပြင် အခြေစိုက် စခန်းသည် ပေါက်ကွဲမှု မဖြစ်ခင် တစ်မိနစ်ခန့် အတွင်း အာကာသ ယာဉ် အတွင်းမှ အချက်ပေး ခေါင်းလောင်းများ ဆူညံစွာ မြည်ဟည်း နေသံ ကို ဖမ်းယူ ရရှိခဲ့ပြီး ထို့နောက်တွင် မူ အဆက်အသွယ် ပြတ်သွား ခဲ့ကြောင်း သိရှိ ရသည်။ ထို့အပြင် အာကာသ ယာဉ်မှူး များ မှာ လွန်းပျံယာဉ် တစ်ခုလုံး ပေါက်ကွဲမှု မဖြစ်ခင် ယာဉ် အတွင်း ဓာတ်ငွေ့ပိုက် များ ပေါက်ထွက် စဉ်ကတည်း က သေဆုံးခဲ့ပြီး ဖြစ်နိုင်ကြောင်း နာဆာ က ခန့်မှန်း ထားသည်။

တက္ကဆက်စ် ကောင်းကင်ယံ တွင် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲပြီး မီးတန်းများ အဖြစ် ကမာ္ဘမြေ ပေါ်သို့ ကျရောက် လာသည့် ဖြစ်ရပ်အား တစ်ကမာ္ဘလုံးက ကြေကွဲစွာ တွေ့မြင်ခဲ့ရသော်လည်း နာဆာအဖွဲ့က ဖြစ်စဉ် အသေးစိတ်ကို ဖော်ထုတ် ကြေငြာ ခဲ့ခြင်း မရှိခဲ့ဘဲ (၅) နှစ်နီးပါး ကြာမြင့်မှသာ ယခုလို တရားဝင် အစီရင်ခံ စာ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here