မြန်မာနိုင်ငံတွင် သဘာဝ ဘေးဒါဏ်ခံ နေအိမ်များ လိုအပ်နေဆဲ

alt

ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာ နိုင်ငံတွင် ဘက်စုံသုံး သဘာဝ ဘေးဒါဏ်ခံ နေအိမ် အများ အပြား လိုအပ် နေသေး ကြောင်း ကြေငြာ ခဲ့သည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် သမိုင်းတလျှောက် အဆိုးရွားဆုံး သဘာဝ ဘေးဆိုးကြီး နှင့် မျက်ဝါး ထင်ထင် ကြံုတွေ့ ခဲ့ရသည့် ဧရာဝတီ တိုင်း အတွင်း နေအိမ်များ မလောက်ငမှု မှာ ယခုတိုင် အကြီးမားဆုံး စိန်ခေါ်မှုကြီး အဖြစ် တည်ရှိ နေဆဲဖြစ်သည်။ ကုလသမဂ္ဂ ၏ စစ်တမ်းအရ မေလ အတွင်း မုန်တိုင်းကြီး တိုက်ခိုက်ပြီး နောက်ပိုင်း အိုးအိမ် အတည်တကျ မရှိသေးသူ သန်း နှင့် ချီမျှ ရှိနေ နိုင်ကြောင်း သိရှိ ရသည်။ ကုလ သမဂ္ဂ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သော ဒီလစ်ကူမာဘန်ဂျာ က သဘာဝ ဘေးဆိုးများ ကို ကာကွယ် နိုင်မည့် လုံခြံုရေး အဆောက်အအုံ များ လာမည့်နှစ် မုတ်သုံ ရာသီမတိုင်မီ မြန်မာ နိုင်ငံ အတွက် လိုအပ် နေပြီဟု သတိပေး ခဲ့သည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် အနည်းဆုံး လူတစ်သိန်း လေးသောင်းမျှ သေကြေခြင်း၊ ပျောက်ဆုံးခြင်းတို့ ဖြစ်ခဲ့ရပြီး လူဦးရေ (၂.၄) သန်းမှာ အိုးအိမ် ဆုံးရှုံးမှုများ ရင်ဆိုင် ခဲ့ရသည်။ လက်ရှိ အချိန်တွင် ကုလသမဂ္ဂ နှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ စေတနာရှင်များ ၏ ကြိုးပမ်းမှု ဖြင့် မုန်တိုင်း ဒါဏ်ခံ ဒေသများ တွင် မိဘမဲ့ဂေဟာများ၊ ကျောင်းများနှင့် သဘာဝ ဘေးဒါဏ်ခံ နေအိမ်များ အရေအတွက် အတော်အသင့် ဆောက်လုပ် ပေးပြီးသည့် တိုင် လိုအပ်သော ပမာဏ နှင့် နှိုင်းယှဉ်ပါက ပြောပလောက်အောင် မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here