Facebook က ခလေး နို့တိုက် တဲ့ပုံကို မှားယွင်း ပယ်ဖျက်

alt

Facebook နှင့် Myspace တို့ကဲ့သို့ Social Networking ၀က်ဘ်ဆိုက်များတွင် အများပြည်သူ မကြည့်ရှုသင့်ကြောင်း မူဝါဒ သတ်မှတ်ထားသည့် အခြေအနေများ အနက် တခါတရံတွင်

ခလေး နို့တိုက်နေသော ပုံများပါ ရောထွေး အကျံုးဝင် သွားတတ်ကြောင်း သိရှိရသည်။ အထူးသဖြင့် Facebook တွင်ရှိသည့် Userသန်းပေါင်း (၁၄၀) ကျော်တို့၏ ဓာတ်ပုံများအနက်မှ အများပြည်သူ ကြည့်ရှုရန် မသင့်လျော် သည့် ပုံများကို Facebook က ပယ်ဖျက်လေ့ရှိရာ ခလေး နို့တိုက်နေသည့် ပုံကိုပါ ဖျက်ပစ်ခဲ့ကြောင်း သိရသည်။ အသက်(၂၃) နှစ်အရွယ် အမေရိကန် နိုင်ငံသူလေး ကိုင်လီရွန်မန် သည် ယမန် နှစ်အတွင်း သူမ၏ ကလေးငယ် နှစ်ဦးအနက်မှ တစ်ဦးအား နို့ချို တိုက်ကျွေးနေသော ဓာတ်ပုံအား Facebook တွင် Upload တင်ထားခဲ့သည်။ သို့သော်လည်း သူမအနေနှင့် မကြာသေးမီက Sign in ၀င်သောအခါ ထိုပုံမရှိ တော့သည်ကို သတိပြု မိပြီး Facebook ကို အကြောင်းကြား ခဲ့ရာမှ Facebook က ထိုပုံကို ပယ်ဖျက် ထားသည့် စာရင်း အတွင်းမှ သူမ ထံသို့ ပြန်ပို့ ပေးခဲ့သည်။

Facebook က အဆိုပါ အခြေအနေ အတွက် ကိုင်လီကို တောင်းပန်ခဲ့ပြီး ဆိုက်၏ ပေါ်လစီအရ မသင့်တော်သော ခန္ဓာကိုယ် ဖော်ပြမှုများ၊ လိင်စိတ်နှိုးဆွသော ဓာတ်ပုံများ အား အလိုအလျောက် ပယ်ဖျက်ပစ်မည့် Software အား ထည့်သွင်း ထားရာတွင် Software အနေနှင့် နားလည်မှု မှားယွင်းပြီး ဓာတ်ပုံကို ဖယ်ရှား ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထိုသို့သော လွဲချော်မှုမျိုး ထပ်မဖြစ်စေရန် Software ပြင်ဆင်မှုအချို့ ပြုလုပ်သွားမည်ဟု Facebook က ကတိပြု ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here