အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဟားမတ်၏ အဓိက ခေါင်းဆောင် တစ်ဦး သေဆုံး

alt

အစ္စရေး လေယာဉ်များ၏ တရစပ် ထိုးစစ်ဆင် ဗုံးကြဲမှုကြောင့် ဟားမတ်စစ်သွေးကြွများ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးသွားပြီ ဟု သိရှိရသည်။ ဂါဇာမြို့တွင်းရှိ စစ်သွေးကြွများ ခိုအောင်းနေရာ အဆောက် အအုံများ နှင့် ဗလီများကို အစ္စရေးလေတပ်က မညှာမတာ

တိုက်စစ်ဆင်နေခဲ့ရာ ဇန်နဝါရီလ (၁)ရက်နေ့တွင်မူ ဟားမက်ထိပ်သီး ခေါင်းဆောင် (၅) ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သော နီဇာရေယန် ခိုအောင်းနေရာ နေအိမ် တည့်တည့်သို့ ပေါင် (၂၀၀၀) ဗုံးတစ်လုံး တည့်တည့်ကြီး ကျရောက်ခဲ့ရာ ၎င်းအပါအဝင် လူ(၁၉) ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ အသက်(၄၉) နှစ်အရွယ် ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ နီဇာသေဆုံးမှု သည် အစ္စရေး လေတပ်မတော် အတွက် ပထမဆုံး ဟားမတ်ထိပ်သီး တစ်ဦးအား သုတ်သင ်နိုင်ခဲ့သော အောင်ပွဲ တစ်ရပ်လည်း ဖြစ်သည်။

ဒီဇင်ဘာလ (၂၇)ရက်နေ့ကတည်းက ဗုံးကြဲနေသော အစ္စရေးလေတပ်သည် နီဇာအား ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများမှာ ဒီဇင်ဘာ (၂)ရက်နေ့တွင် ပိုမိုအရှိန်မြှင့်လာခဲ့ကြောင်း သိရသည်။ ထို့အပြင် အစ္စရေးကြည်းတပ်မှာလည်း အမိန့်ရသည်နှင့် နယ်စပ်တွင် တပ်စွဲထားရာမှ ဂါဇာသို့ အချိန်မရွေး ၀င်ရောက်လာရန် အသင့်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here