အင်တာနက်ကြိုက်တဲ့ ဗြိတိသျှ အိမ်ထောင်ရှင်မတွေ

alt

ဗြိတိန်နိုင်ငံမှ အိမ်ရှင်မ အတော်များများသည် သူမတို့၏ အားလပ်ချိန်များမှ ထက်ဝက်နီးပါးအား အင်တာနက် အသုံးပြုခြင်းဖြင့် ကုန်လွန်နေစေကြောင်း သိရှိရသည်။


TNS မှ နိုင်ငံပေါင်း (၁၆) နိုင်ငံရှိ အိမ်ထောင်ရှင်မ (၂၇၅၀၀) ဦးကို စစ်တမ်းကောက်ခံရာ ဗြိတိန် အိမ်ရှင်မများ သည် တစ်ရက်တာ သူမတို့၏ အားလပ်ချိန် (၅.၈)နာရီ၏ (၄၇)ရာခိုင်နှုန်းအား Web ပေါ်တွင် အချိန်ကုန်စေကြောင်း တွေ့ရှိလာကြသည်။ ထိုအချိန်တွင် အမေရိကန် အိမ်ရှင်မများကမူ အားလပ်ချိန်၏ (၃၈)ရာခိုင်နှုန်းမျှကိုသာ အင်တာနက်ဘက်တွင် အသုံးချကြကြောင်း စစ်တမ်းက ဖော်ပြထားသည်။ ထို့အပြင် ဗြိတိသျှ အိမ်ရှင်မများ၏ (၈၀)ရာခိုင်နှုန်းက အင်တာနက်သည် သူမတို့အတွက် အလွန်အရေးကြီးသော လိုအပ်ချက်တစ်ခုအဖြစ် ခံယူထားပြီး ၎င်းတို့အနက် အများစုသည် Online ဈေးဝယ်မှု အတွက် အင်တာနက်ကို အသုံးပြုနေကြသည်။

တစ်ကမာ္ဘလုံး အတိုင်းအတာ အရ အိမ်ရှင်မများ ၏ (၅၇)ရာခိုင်နှုန်းမှာ Online မှ ဈေးဝယ်ထွက်လေ့ရှိပြီး ဗြိတိသျှ အိမ်ရှင်မများ၏ (၇၃) ရာခိုင်နှုန်းမှာမူ Online ဈေးဝယ်ခြင်းနှင့် အသားကျ နေပြီဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here