အစ္စရေးဝက်ဘ်ဆိုက်တွေကို Hacker တွေ ပစ်မှတ်ထားလာ

alt

ဂါဇာဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အင်တာနက်ပေါ်မှ အစ္စရေးဝက်ဘ်ဆိုက် အတော်များများမှာ တိုက်ခိုက်မှု များ ခံနေရကြောင်း သိရှိ ရသည်။

ဗြိတိန် နိုင်ငံ၊ ဘာမင်ဂမ်ရှိ အလာဘားမား တက္ကသိုလ်ရှိ ကွန်ပျူတာ မှုခင်းဆိုင်ရာ လေ့လာရေးဌာန ဒါရိုက်တာဖြစ်သူ ဂယ်ရီဝါနာက အစ္စရေးတို့ Online တိုက်ခိုက်မှုများ ကြံုတွေ့နေရခြင်း၏ လက်သည် Hacker များသည် မော်ရိုကို၊ လက်ဘနွန်၊ တူရကီ နှင့် အီရန် တို့မှ ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။

အထူးသဖြင့် .il အမည်ပါ အစ္စရေး Domain များကို ဦးတည် တိုက်ခိုက်သော အဆိုပါ Hacker များကြောင့် အစ္စရေးရှိ စီးပွားရေး လုပ်ငန်းငယ် အတော်များများ ၏ ၀က်ဘ်ဆိုက်များ တွင် ထိခိုက်မှုများ ကြံုခဲ့ရပြီး Israel’s Galoz Electronics Ltd ၏ ၀က်ဘ်ဆိုက် စာမျက်နှာတွင် Hacker များကထိုးဖောက်ပြီး ရေးသားသွားသည့် RitualistaS GrouP Hacked your System!!! The world isn’t insurance!!! For a better world ဆိုသော စာတမ်းကြီး ပေါ်နေသဖြင့် အကြပ်ရိုက်ခဲ့သေးကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here