၂၀၀၈ ခုနှစ်အတွင်း Apple အတွက် တိုးတက်မှု များ ရရှိခဲ့

alt

(၂၀၀၈) ခုနှစ် ကုန်ခါနီးကာလတွင် Apple ၏ Mac ကွန်ပျူတာဖြင့် အင်တာနက် အသုံးပြုသူဦးရေ သိသိသာသာ တိုးတက် လာကြောင်း သိရှိရသည်။

Mac ဖြင့် အင်တာနက် ကြည့်ရှုမှုများမှာ ပြီးခဲ့သည့် တစ်နှစ်ကထက် (၈၈) ရာခိုင်နှုန်းထိ တဟုန်ထိုး တက်လာခဲ့ကြောင်း Apple က ကြေငြာသည်။ ထို့အပြင် iPhone ဖြင့် အင်တာနက် အသုံးချမှု မှာလည်း (၀.၁၂) ရာခိုင်နှုန်းမျှ တက်လာကြောင်း Apple က ဖော်ပြ ခဲ့သည်။ ထို အခြေအနေ ကြောင့် ကုမ္ပဏီ အတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပြီး (၂၀၀၈) ခုနှစ်အတွင်း ပြိုင်ဘက် Microsoft မှ ထုတ်လုပ်သည့် Windows ယိုပေါက်များ ကြောင့် Mac ၏ ရောင်းအား တက်လာ ရခြင်း ဖြစ်ဖွယ် ရှိသည်။ ထိုအချိန််တွင် Linux ၏ တိုးတက်မှုမှာ (၀.၈၅) ရာခိုင်နှုန်းမျှသာ ရှိသည့်အတွက် (၂၀၀၈) သည် Apple အတွက် အအောင်မြင်ဆုံး နှစ်တစ်ခု သဖွယ် မှတ်တမ်းဝင် ခဲ့သည်။

Apple မှ ထိပ်တန်းပညာရှင်များကမူ ယခု ရလဒ်ကောင်းများ ကို (၂၀၀၉) ခုနှစ်အထိ သယ်ဆောင် သွားနိုင်မည် ဟု မျှော်လင့် ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here