ဘဂ္ဂဒက်ရှိ အစိမ်းရောင်နယ်မြေ အီရတ်ထံ ပြန်လည်လွှဲပြောင်း

alt

အမေရိကန်တို့ တပ်စွဲထားသည့် အစိမ်းရောင်ဒေသအား အီရတ်အာဏာပိုင်များလက်သို့ ဇန်နဝါရီလ (၁)ရက်နေ့က တရားဝင် လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။

ထိုအခမ်းအနားကို ယခင်အီရတ် အာဏာရှင်ဟောင်း ဆဒမ်ဟူစိန်၏ နန်းတော်ကြီး တွင် ကျင်းပခဲ့သည်။ ၀ါရှင်တန်နှင့် ဘဂ္ဂဒက်အစိုးရများ သဘောတူညီမှုအရ အီရတ်၏ လုံခြံုရေးအတွက် အမေရိကန် စစ်တပ်များအစား ကုလသမဂ္ဂတပ်များက အစားထိုး ၀င်ရောက်လာပြီး အီရတ်အစိုးရအား အကူအညီများ ပေးသွားမည်ဖြစ်သည်။

အစိမ်းရောင်နယ်မြေတွင် လွှင့်ထူထားသော အမေရိကန် ပြည်ထောင်စု အလံတော်ကို မရိန်းစစ်သားများက စနစ်တကျ ဖြုတ်သိမ်းပြီး အီရတ်အလံတော်ကို လွှင့်တင်ပေးခဲ့ကြသည်။ အီရတ်နိုင်ငံအတွင်းမှ အမေရိကန်နှင့် မဟာမိတ်တပ်များအားလုံး (၂၀၀၉) ခုနှစ်အတွင်း ပြန်လည် ရုတ်သိမ်းရန် အီရတ်အစိုးရ နှင့် သဘောတူညီမှု ရရှိ ထားပြီးဖြစ်ကြောင်း သတင်းများ တွင် ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here