ဗြိတိန်တွင် လူငယ်များ အရက်ကြောင့် ဆေးရုံရောက်မှု တိုးများလာ

alt

ဗြိတိန်နိုင်ငံတွင် အရက်ကြောင့် အသည်းတွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံသို့ ရောက်ရှိခဲ့သူဦးရေ တိုးမြင့်လာမှု ကြောင့် ကျန်းမာရေး အဖွဲ့အစည်းများ က စိုးရိမ်လျက် ရှိနေ ကြသည်။

(၂၀၀၆/၀၇) ခုနှစ် စစ်တမ်း အရ လူလတ်ပိုင်း အရွယ်များ အတွင်း အသည်း ထိခိုက်မှုကြောင့် ဆေးရုံ တက်ခဲ့ရသူ (၆၄၉၅) ဦး ရှိခဲ့ပြီး ထိုပမာဏ သည် လွန်ခဲ့သော (၁၀) နှစ်က ရှိခဲ့ သည့် (၂၉၆၇) ဦးထက် (၂) ဆကျော် ထိုးတက် လာခြင်း ဖြစ် သည်။ ထို အခြေအနေ အား ထိန်းသိမ်း နိုင်ရန် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ဗြိတိန် အစိုးရကို ဖိအား ပေးမှုများ တိုးမြင့် လာလျက်ရှိ နေပြီး အရက် အတွက် အခွန် ကောက်ခံ မှု တိုးမြှင့် သင့်ကြောင်း အကြံပြုမှု များ ပေါ်ပေါက် လာလျက် ရှိနေသည်။

ထို့အပြင် အရက်သောက်ပြီး စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုများ ပေါ်ပေါက် လာသဖြင့် စိတ်ကု ဆေးရုံတွင် ကုသခံရသည့် လူနာ အရေ အတွက်မှာ လည်း (၁၅၈၆၅၆) ဦးထိ ရှိခဲ့ပြီး ၎င်းတို့အနက် (၆၆၁၂) ဦးမှာ (၁၇) နှစ်အောက် လူငယ်များ ဖြစ်သည်။ ယခုကဲ့သို့ လူငယ်များ အရက်ကြောင့် လမ်းမှား ရောက်နေခြင်း သည် ဗြိတိန်တွင် အရက် ဈေးနှုန်းများ အလွန် သက်သာသောကြောင့်ဟု ဝေဖန်မှုများ လည်း ပေါ်ပေါက် လျက်ရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here