နော်ဝေးက ဆွီဒင်ကို အတုယူကာ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေပြဌာန်းမည်

alt

အိမ်နီးချင်း ဆွီဒင်နိုင်ငံကို နမူနာယူကာ နော်ဝေးအစိုးရအနေနှင့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးကို အားထည့် ဆောင်ရွက် တော့မည် ဖြစ်သည်။ နှစ်သစ်ကူး ကာလနောက်ပိုင်းတွင် အဆိုပါ ကိစ္စအတွက် ဥပဒေသစ် တစ်ရပ် အတည်ပြု ပြဌာန်း

တော့မည်ဖြစ်ပြီး နော်ဝေးနိုင်ငံ လမ်းကြို လမ်းကြားများ တွင် ကျက်စား တတ်သော ညဉ့်ပျော်မယ်များ ကို ဖမ်းဆီးသွား ရန် စီစဉ် ထားသည်။ တရားရေး ၀န်ကြီးဌာန မှ ဒုတိယ တရား သူကြီးချုပ် အက်ဆထရီ အက်စ်ဟန်ဆန်က လိင်မှု အတွက် ငွေကြေးဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်း သည် လက်ခံနိုင်စရာ မရှိသော စက်ဆုပ်ဖွယ် လုပ်ရပ် ဖြစ်ကြောင်း ပြစ်တင် ရှုတ်ချ ခဲ့သည်။

နော်ဝေးရှိ လူမှုရေး အဖွဲ့အစည်းများက လူဦးရေ (၄.၆) သန်းရှိသော နိုင်ငံ အတွင်း (၃၀၀၀) ခန့်သည် ပြည့်တန်ဆာ အလုပ်ဖြင့် အသက် မွေးနေကြောင်း ခန့်မှန်း ထားသည်။ နော်ဝေ အစိုးရ ထုတ်ပြန်မည့် ဥပဒေ သစ်သည် ဆွီဒင် နိုင်ငံ တွင် ပြဌာန်း ထားသည့် ဥပဒေ နှင့် ဆင်တူမည် ဖြစ်ပြီး လမ်းများ ပေါ်တွင် လုံခြံုမှုနှင့် သန့်ရှင်းမှု ရှိစေရန် နော်ဝေး ရဲတပ်ဖွဲ့၏ အကူအညီ ဖြင့် ရှင်းလင်းသွားမည်ဟု ဆိုသည်။ အဆိုပါ ဥပဒေမျိုးကို ဖင်လန် နိုင်ငံတွင်လည်း ကျင့်သုံးနေပြီး ဖြစ်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here