ဆွီဒင်နိုင်ငံ၏ ရာသီပေါ် ရေခဲဟိုတယ် ဖွင့်လှစ်

alt

ဆွီဒင် နိုင်ငံ၏ တစ်ခုတည်း သော ရေခဲဟိုတယ်သို့ လာရောက် လည်ပတ်သူ ဦးရေ များပြား လာနေကြောင်း သိရှိ ရသည်။ တန်ချိန် ထောင်ပေါင်း များစွာသော ရေခဲများ ဖြင့် တည်ဆောက်ထား

သည့် အဆိုပါ ဟိုတယ်သည် လပ်လန် မြောက်ဘက် ရွာငယ်လေး ဂျက်ကတ်စ်ဂျာဗီ တွင် တည်ရှိနေပြီး နှစ်စဉ် ဆောင်းဥတု ရောက်တိုင်း အသစ် ပြန်ဆောက် သည်မှာ အစဉ်အလာ တစ်ခု ဖြစ်နေပြီဟု ဆိုသည်။ ရေခဲ ဟိုတယ် အတွင်း ညအိပ် ဧည့်သည်များ အတွက် အိပ်ခန်းများ၊ စားသောက်ခန်း၊ ရုပ်ရှင်ခန်းမတို့နှင့် ရေခဲဟိုတယ်၏ နာမည်ကျော် အရက်ဘား တို့ကိုပါ ထည့်သွင်း တည်ဆောက် ထားသည်။ နိုဝင်ဘာလ တွင် ပြန်လည် တည်ဆောက်မှု စတင်ခဲ့သော ရေခဲဟိုတယ်သည် ဒီဇင်ဘာလ လယ်တွင် ပြန်လည် ဖွင့်လှစ် နိုင်ခဲ့ သည်။

နွေဦး ရာသီသို့ ရောက်ရှိ လာချိန်တွင်မူ ဟိုတယ်မှ ရေခဲများသည် တစစ ပြန်လည် အရည်ပျော်ပြီး တွန်းမြစ် အတွင်းသို့ စီးဝင် သွားလေ့ ရှိကြောင်း ဒေသခံများ က ပြောဆို ခဲ့သည်။ ဧပြီလ အကုန်နှင့် မေလဆန်းတွင်မူ ဟိုတယ်အား ပြန်ပိတ် လိုက်ရကြောင်း လည်း သိရသည်။ ရာသီအလိုက် ဖွင့်လှစ်လေ့ရှိသော အဆိုပါရေခဲဟိုတယ်ရှိ အိပ်ခန်းများအတွင်း ကုတင်များမှာ ရေခဲမျက်နှာပြင် ကို သစ်ဖြင့် အနားကွပ်ထားခြင်းဖြစ်ပြီး ရိန်ဒီးယား သမင်ကြီးများ ၏ အရေခွံကို အိပ်ယာခင်းအဖြစ် အသုံးပြုထားသည်။ ဟိုတယ်၏ အိပ်ခန်းများ တွင် တံခါးမရှိသောကြောင့် Lockချနိုင်မည်မဟုတ်ပေ။ ဟိုတယ်အတွင်း ရေချိုးခန်း၊ အိမ်သာများကိုလည်း ဆောက်လုပ် ပေးထားပြီး တည်းခိုဖူး သူများ ၏ အဆိုအရ ရေခဲဟိုတယ်တွင် တည်းရသော အတွေ့အကြံုသည် အခြားသော မည်သည့် အရာ နှင့်မှ မတူအောင် အရသာ ရှိကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here