Google Street View ကို ဗြိတိန်နိုင်ငံတွင် အသုံးပြုလာနိုင်တော့မည်

alt

Google က ဗြိတိန်နိုင်ငံအတွက် အင်တာနက် ၀န်ဆောင်မှု အသစ်တစ်ခုဖြစ်သော Google Street View ကို မကြာမီ ထုတ်လွှင့် ပေးတော့မည်ဟု သိရှိရသည်။ Google ၏ ထုတ်ပြန် ကြေငြာချက် အရ အဆိုပါ ၀န်ဆောင်မှုသစ်ကို လာမည့် နွေဦးရာသီတွင် စတင်မည်ဟု ဖော်ပြပါ ရှိသည်။

ထို Service အရ ဗြိတိန်နိုင်ငံ လမ်းကြို လမ်းကြားများ ပါမကျန် ဓာတ်ပုံ သန်းပေါင်းများစွာ ရိုက်ယူ ထားပြီး အလွယ်တကူ ရှာဖွေမှုများ ပြုလုပ် နိုင်မည်ဟု သိရ သည်။ Google သည် အဆိုပါ စနစ်အား အမေရိကန် မြို့ကြီးများ တွင် ယမန်နှစ် အတွင်း စတင် အကောင်အထည် ဖော်ပေးခဲ့ပြီး ပြင်သစ်၊ အီတလီ၊ နယူးဇီလန်၊ ဩစတြေးလျ၊ ဂျပန်နှင့် တောင်အမေရိက နိုင်ငံအချို့တို့တွင်လည်း အသုံးပြု နိုင်အောင် စီစဉ်ပေးပြီးဖြစ်သည်။

Google က ဗြိတိန်မှ အင်တာနက် အသုံးပြုသူများ သည် ယခုုဝန်ဆောင်မှု ကို အသုံးပြု ခြင်းဖြင့် Google Earth ထက် ပိုမို တိကျသော ရှာဖွေမှု ပုံစံများ ပြုလုပ် နိုင်လိမ့်မည်ဟု ကြေငြာ ခဲ့သည်။ Google ၏ မြေပုံရှာဖွေရေး ၀န်ဆောင်မှုသည် အသေးစိတ် လုပ်ဆောင်မှုများတွင် အားနည်းချက် များ ရှိနေ သေးကြောင်း ဝေဖန်မှုများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လာပြီးနောက် Google အနေနှင့် နိုင်ငံအတော်များများတွင် Google Street View ကို အသုံးပြု နိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here