တရုတ်နိုင်ငံတွင် အကြီးမားဆုံး ဒိုင်နိုဆော ရုပ်ကြွင်းသိုက်ကြီးတွေ့

alt

တရုတ်နိုင်ငံတွင် သမ်ိုင်း တလျှောက် အကြီးမားဆုံး ဒိုင်နိုဆော ကျောက်ဖြစ် ရုပ်ကြွင်း သိုက်ကြီး တစ်ခုကို တွေ့ရှိ ခဲ့ရသည်။ ဒိုင်နိုဆော မြို့တော် ဟု တင်စား ခေါ်ဝေါ်ခြင်း ခံနေရပြီဖြစ်သော အဆိုပါ နေရာသည် ရှန်ဒေါင်းခရိုင်၊ ဇူချန်းမြို့ အနီးတွင် တည်ရှိ နေသည်။

ယခုအချိန်ထိ ရုပ်ကြွင်း အပိုင်းအစ (၇၆၀၀)ကျော် တူးဖော် တွေ့ရှိထားကာ သိပ္ပံ ပညာရှင်များ က အင်္ဂါပြည့်စုံ သည့် (၆၅) ပေအရှည်ရှိ ဟက်ဒရို ဆောရပ်စ် မျိုးနွယ် ဒိုင်နိုဆော ရုပ်ကြွင်းကြီး တစ်ခုကိုလည်း ဆက်စပ်ပုံ ဖော်နိုင် ခဲ့သည်။ အဆိုပါနေရာ သည် ပေအရှည် (၉၈၀) ရှိပြီး ယခုတိုင် တူးဖော်မှု များ ဆက်လက် ဆောင်ရွက် နေဆဲ ဖြစ်သည်။

မကြာမီ ကာလများ အတွင်း ရှေးဟောင်း တူးဖော်မှုများ ဘက် အပြည့်အဝ အာရုံစိုက် လာသော တရုတ်နိုင်ငံ အတွက် ယခု တွေ့ရှိမှုသည် ဂုဏ်တက်စရာ ဖြစ်လာခဲ့ ပြီး ထိုနေရာတွင် လွန်ခဲ့သော (၇) လမှ စပြီး တူးဖော် ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင် နေခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here