ဘင်္ဂလား ပင်လယ်အော်တွင် ပျောက်ဆုံးနေသူ (၃၀၀) အတွက် မျှော်လင့်ချက် နည်းပါး

alt

အိန္ဒိယရေတပ်ဖွဲ့အနေနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ပျောက်ဆုံးနေသည့် တရားမဝင် အလုပ်သမား (၃၀၀) တို့၏ အသက်ဘေး အတွက် စိုးရိမ်စရာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီဟု ထုတ်ဖော် ၀န်ခံ ခဲ့သည်။

ပင်လယ်အတွင်း ပျက်စီးနေသော လှေငယ်ကို စွန့်ခွာကာ ကမ်းခြေသို့ စွန့်စားကူးခတ်ခဲ့သည့် ဒုက္ခသည်များအနက် (၁၀၂) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ကျန်ရှိနေသော သူများအတွက် မျှော်လင့်ချက်မှာမူ အလွန် နည်းပါး နေပြီဟု သိရှိ ရသည်။

အာဏာပိုင်များ က အက်ဒ်မန်ကျွန်းများ ၏ ကမ်းခြေ ဒေသများကို ပိုက်စိတ်တိုက် ရှာဖွေမှုများ ပြုလုပ် နေသည့်တိုင် အခြေအနေမှာ တိုးတက်လာမှု မရှိသေးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ လှေငယ် ကလေးဖြင့် ထိုင်း နိုင်ငံထိ ရွက်လွှင့် ရန် တွေးခေါ် ခဲ့မှုမှာ ရူးမိုက်မှု သက်သက်သာ ဖြစ်ကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ် အကြီးအကဲတစ်ဦးက ပြောကြား ခဲ့သည်။ ပျောက်ဆုံး နေသေး သော ဒုက္ခသည်ဦးရေ မှာ အနည်းဆုံး (၃၀၀) မျှ ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နိုင်ငံ သား အများဆုံး ပါ၀င်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here