ပိတ်ထားသော ဆွီဒင်နျူဓာတ်ပေါင်းဖိုများ ပြန်ဖွင့်ပေးတော့မည်

alt

ဆွီဒင်နိုင်ငံ၏ နျူကလီးယား ဓာတ်ပေါင်းဖို (၁၀) ခုအနက် လုံခြံုရေးအရ စိတ်မချ ရသဖြင့် ပြင်ဆင်မှုများ ပြုလုပ်သွားရန် ယာယီ ပိတ်ထား သည့် ဓာတ်ပေါင်းဖို (၂) ခုတို့ကို ပြန်လည် ဖွင့်လှစ်ခွင့် ပေးလိုက် ပြီ ဖြစ်သည်။

အဆိုပါ ဓာတ်ပေါင်းဖို များ ကို အောက်တိုဘာလ ကတည်းက ပိတ်ထား ခဲ့သော်လည်း ထိန်းချုပ် စနစ်များ အားလုံး တို့ကို စိတ်ကျေနပ် သည် အထိ စီစစ်ပြီးနောက် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြု လိုက် သည်။ မောင်းတံ အချို့တို့တွင် ယိုယွင်းမှုများ ဖြစ်နေ ကြောင်း တွေ့ရှိခဲ့ ပြီးနောက် ထိုဓာတ်ပေါင်း ဖိုများကို ပိတ်ဆို့ ထားခဲ့ရာ မှ ယခု သောအခါ မောင်းတံ အပျက်များ ကို ပြန်လည် အစားထိုး လိုက်ပြီ ဖြစ်သည်။

ဆွီဒင်နိုင်ငံ ဓာတ်ရောင်ခြည် ထိန်းသိမ်းရေး အာဏာပိုင်များ က ထိုဓာတ်ပေါင်းဖို နှစ်ခု ပြန်လည် ဖွင့်လှစ်မည့် သတင်းအား အတည်ပြု လိုက်ပြီး စွမ်းအားပြည့် လည်ပတ်မှု ကို နှစ်သစ်ကူး နောက်ပိုင်း တွင် စတင် တော့မည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။ ဆွီဒင် နိုင်ငံ သည် နျူကလီးယား ဓာတ်ပေါင်းဖို (၁၂) ခုအထိ ပိုင်ဆိုင် ခဲ့သော်လည်း ဘရာဆီဘက် ရှိ ဓာတ်ပေါင်းဖို (၂) ခုကို (၂၀၀၅) ခုနှစ်၊ မေလ အတွင်းက ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here