ဆွီဒင်အစိုးရ၏ အင်တာနက် ကာစီနိုပိတ်ပင်ရေး အစီအစဉ် ခက်ခဲဖွယ်ရှိ

alt

ဆွီဒင်နိုင်ငံအနေနှင့် အမေရိကန်၏ လမ်းစဉ်မူဝါဒအတိုင်း အင်တာနက် လောင်းကစားလုပ်ငန်းများကို တားဆီးပိတ်ပင်သွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ထိုအခြေအနေသည် အလုံးစုံ ကောင်းမွန်သော အကြံအစည်တစ်ခုဟု

မဆိုနိုင်သော်လည်း ဆွီဒင်အင်တာနက် ထိန်းချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများက အဆိုပါကိစ္စကို ဆွီဒင်အစိုးရထံ တင်ပြတောင်းဆိုထားသည်။ အဆိုပါ ဥပဒေ အတည်ပြုမည်ဆိုပါက ဆွီဒင်နိုင်ငံအတွင်း အင်တာနက် ကာစီနို ကုမ္ပဏီများ အတွက် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဥပဒေကို မပြဌာန်းနိုင်ရန် ကန့်ကွက်တောင်းဆိုကြဖွယ် ရှိနေသည်။

ထို့အပြင် ဆွီဒင်နိုင်ငံ ပြင်ပမှ အင်တာနက်လောင်းကစား ကုမ္ပဏီများကလည်း ဆွီဒင်အစိုးရ၏ ပိတ်ပင်မှုသည် ဥရောပယူနီယံမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရောက်ကြောင်း အရေးဆိုထားပြီး အမှန်တကယ် ပိတ်ပင်လာမည်ဆိုပါက ဥပဒေကြောင်းအရ တိုက်ပွဲဝင်သွားမည်ဟု ရာဇသံပေးထားသဖြင့် ဆွီဒင်အစိုးရ၏ အင်တာနက် လောင်းကစားပိတ်ပင်ရေး စီမံကိန်းကြီးမှာ အကောင်အထည်ဖော်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here