ဂျပန်ထုတ်ကုန်တွေ ရောင်းချမည့် Online ကုန်တိုက် တရုတ်တွင်ဖွင့်လှစ်

alt

ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံတွင် Online ကုန်တိုက်တစ်ခု ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။ တရုတ်နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေသည့် China UnionPay Co. card များ အသုံးပြု ငွေချေနိုင်မည့် အဆိုပါ Online စတိုးကို SBI VeriTrans ကုမ္ပဏီမှ

ဖွင့်လှစ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ ထုတ်ကုန်များကို သီးသန့်ရောင်းချသွားမည် ဖြစ်သည်။ ထို Online ကုန်တိုက်တွင် ဂျပန်ကုမ္ပဏီ (၁၀၀) ကျော်တို့၏ ကုန်စည်များကို ရောင်းချပေးမည်ဖြစ်ပြီး Online ကုန်တိုက် ဖွင့်လှစ်နိုင်ရေး ဒေါ်လာ(၄၄)သန်းမျှ အကုန်အကျခံ သုံးစွဲခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံအတွင်း အင်တာနက် အသုံးပြု သူဦးရေ သန်း(၂၅၀)ကျော်ထိ ရှိလာပြီဖြစ်သောကြောင့် Online ကုန်တိုက်များ ဖွင့်လှစ် ရောင်းချမှုဖြင့် အကျိုးဖြစ်ထွန်းနိုင်မည်ဟု ရင်းနှီးမြှုပ်နှံ သူများက ယုံကြည်ထားသည်။ အဆိုပါ Online ကုန်တိုက်၏ ၀က်ဘ်ဆိုက် လိပ်စာမှာ Buy-J.com ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here