နာဂစ်ဒါဏ်ခံ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြံုတွေ့နိုင်

alt

မေလ အတွင်း မြန်မာ့ကမ်းရိုးတန်း ဒေသများ သို့ ၀င်ရောက် တိုက်ခတ် ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး ၏ ဘေး အန္တရာယ် မှ အသက်ရှင် ကျန်ရစ် ခဲ့သူများ အတွက် သောက်ရေ၊ သုံးရေ ရှားပါးမှု အား ဆိုးရွားစွာ ခါးစည်း ခံနေရ ကြောင်း သိရှိ ရသည်။

အထူးသဖြင့် ဧရာဝတီတိုင်း အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အလှမ်းဝေး သည့် တောကြိုအုံကြား ဒေသများ တွင် သန့်ရှင်းသော ရေ ပြတ်လပ်မှု သည် ကြောက်စရာ အကောင်းဆုံး စိန်ခေါ်မှု တစ်ခုအဖြစ် ရပ်တည် နေခဲ့ သည်။ အထူးသဖြင့် နိုဝင်ဘာလ မှ နောက်နှစ် ဧပြီလ အတွင်းထိ ပူပြင်း ခြောက်သွေ့သော ရာသီဥတု ဒါဏ်ကြောင့် အဆိုပါ ဒေသများ တွင် ဆက်လက် နေထိုင်နေသော လူအများစု သည် ရေမသန့် ရှင်းခြင်း၏ နောက်ဆက်တွဲ ရောဂါဆိုးများ ကို ခံလာရ နိုင်ကြောင်း ကျွမ်းကျင်သူများ က သုံးသပ် ပြောဆို ခဲ့ကြသည်။

ကုလသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အစိုးရ ၏ အပြည့်အဝ ပူးပေါင်းပါ၀င်မှု မရှိခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများအား အကန့်အသတ် ဖြင့်သာ ဆောင်ရွက်နိုင်ပြီး အဆိုပါ ကျေးလက် ဒေသများသို့ ကယ်ဆယ်ရေးများ စေလွှတ် ပေးရန် ခက်ခဲ နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here