မြန်မာ့ပြောင်း တရုတ်သို့ တန်ချိန်နှစ်သိန်းကျော် ပို့မည်

alt

မြန်မာနိုင်ငံ သည် လာမည့် (၂၀၀၉/၂၀၁၀) ဘဏ္ဍာရေး နှစ်အတွင်း ပြောင်းတန် ချိန် နှစ်သိန်း ကျော်မျှ တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချ သွားရန် ရည်ရွယ် ထားကြောင်း သိရှိ ရသည်။ တိရစာ္ဆန် အစာနှင့် စက်မှု လုပ်ငန်းများ တွင် အသုံးပြု ရန် အတွက်

ယခုကဲ့သို့ ပြောင်းများ ၀ယ်ယူခြင်းဖြစ်ကြောင်း အစိုးရ သတင်းဌာနများ က ဖော်ပြ ခဲ့သည်။ ထိုသဘောတူ စာချုပ်ကို မြန်မာ-တရုတ် နယ်နိမိတ်မြို့ ဖြစ်သော မူဆယ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ထိုမြို့တွင် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး အစည်းအဝေး ကိုလည်း ကျင်းပ ခဲ့ သေးသည်။

စာရင်းများ အရ ပြီးခဲ့သော (၂)နှစ်အတွင်း မူဆယ်မြို့ကို ဖြတ်သန်းကုန်သွယ်မှုမှာ ဒေါ်လာ (၁.၄၅၉) ဘီလျံထိ တိုးမြင့် လာခဲ့ သည်ဟု ဖော်ပြ ပါရှိသည်။ လက်ရှိ အချိန်တွင် တရုတ် အစိုးရ အနေ နှင့် ပြည်တွင်း ပြောင်းစိုက်ပျိုး မှု တိုးတက်လာစေရန် မူဝါဒများ ချမှတ် ထားသော်လည်း မြန်မာ နိုင်ငံမှ ပြောင်းဆန် များ ကိုမူ မှာယူ တင်သွင်း သွားဦးမည် ဟု သတင်း ရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here