ဂါဇာအရေးကြောင့် အိုဘားမားကို မွတ်ဆလင်တွေမုန်းတီး

alt

ဂါဇာကမ်းမြှောင်ဒေသ အရေးတွင် အစ္စရေးနိုင်ငံဘက်မှ ရပ်တည်ခဲ့ခြင်းကြောင့် အမေရိကန် သမတသစ် ဘာရတ်အိုဘားမားမှာ မွတ်ဆလင်ဘာသာဝင်တို့၏ အငြှိုးအတေးကို ခံယူရမည်ဖြစ်ကြောင်း ၀ါရှင်တန်မြို့ စစ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။ ကမာ္ဘ့လူဦးရေတွင် ပမာဏအားဖြင့် အများစုဖြစ်သော မွတ်ဆလင်တို့သည် အိုဘားမားအနေနှင့် ဂါဇာဒေသတွင်း အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ကြားဝင်လာမည်ဟု

မျှော်လင့်ခဲ့သော်လည်း အိုဘားမားက လက်ရှိသမတ ဂျော့ဘုရှ်၏ လမ်းစဉ်အတိုင်း အစ္စရေးဘက်တွင်သာ ရပ်တည်ရန် ဆုံးဖြတ်ခဲ့သဖြင့် မွတ်ဆလင်တို့၏ ဒေါသသည် ၎င်းအပေါ်သို့ပါ ကျရောက်လာပြီဖြစ်သည်။ အိမ်ဖြူတော် အကြံပေးအရာရှိ ဒေးဗစ်အိတ်ဆဲလ်လော့ဒ်က သမတတစ်ဦးသည် နှစ်ဖက်ခွ ရပ်တည်မှုမျိုး ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ အိုဘားမားအနေနှင့် မွတ်ဆလင်တိုင်းပြည်များတွင် ၎င်း၏အာဏာသက်တမ်း ပထမဆုံးရက်(၁၀၀)အတွင်း မိန့်ခွန်းများ ပြောကြားရန် ရည်မှန်းထားသော်လည်း အစ္စရေးတိုက်ခိုက်မှုကြောင့် ၎င်းအပေါ်တွင်ပါ ရိုက်ခတ်လာဖွယ်ရှိသည်။ လက်ရှိအချိန်တွင် အစ္စရေးတို့၏ မရပ်မနားဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ပါလက်စတိုင်းဦးရေမှာ (၃၀၀)ကျော်သွားပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here