တုပ်ကွေးဖြစ်ပွားမှု ဗြိတိန်သို့ ကူးစက်လာဖွယ်ရှိ

alt

ကျွမ်းကျင်သူများ ဩစတြေးလျတွင် ဖြစ်ပွားနေသည့် ပြင်းထန်သော တုပ်ကွေးရောဂါများသည် ဗြိတိန်နိုင်ငံသို့ ကူးစက်ရောက်ရှိလာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ လာမည့်နှစ်တွင် ဗြိတိန်နိုင်ငံအတွင်း တုပ်ကွေးကြောင့် လူသေဆုံးမှုများ ဖြစ်လာနိုင်ကြောင်း

သိပ္ပံပညာရှင်များက ဆိုသည်။ ဥရောပတုပ်ကွေး ထောက်လှမ်းရေးအေဂျင်စီက H3N2ဗိုင်းရပ်စ်၏ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသော တုပ်ကွေးသည် လာမည့်နှစ်အတွင်း ပိုမိုခေါင်းထောင်လာပြီး ဥရောပါဒေသကို ခြိမ်းခြောက်လာနိုင်ကြောင်း ထောက်ပြဆွေးနွေးထားသည်။ တုပ်ကွေးကြောင့် ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ အာသီးယောင်ခြင်း၊ အပြင်းဖျားခြင်း စသောဝေဒနာများ ခံစားရရုံသာမက အခန့်မသင့်လျင် အသက်ပါဆုံးရှုံးနိုင်သည်အထိ ပြင်းထန်လာ တတ်ကြောင်း သိရှိရသည်။

ဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှုအေဂျင်စီက ယခုလက်တလော အခြေအနေများအတွင်း တုပ်ကွေးဖြစ်ပွားမှု တစထက်တစ မြင့်တက်လာမှုကို သတိကြီးစွာ စောင့်ကြည့်နေပြီး အိုင်ယာလန်၊ ဘူလ်ဂေးရီးယားနှင့် စပိန်နိုင်ငံများသို့လည်း တုပ်ကွေးပြန့်နှံ့လာနိုင်သည့် အခြေအနေရှိကြောင်း နှိုးဆော်သတင်းပေးထားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here