(၂၀၀၈) ခုနှစ်အတွင်း သဘာဝဘေးများကြောင့် သေဆုံးသူဦးရေ မြင့်တက်

alt

သဘာဝဘေးဆိုးများကြောင့် လူသားများ သေကြေပျက်စီးမှုသည် (၂၀၀၈)ခုနှစ်တွင် သမိုင်းတလျှောက် တတိယမြောက် အမြင့်မားဆုံး အဖြစ် စံချိန်တင် ခဲ့ကြောင်း သိရှိရသည်။ ဆီချွန်ငလျင်၊ နာဂစ်ဆိုင်ကလုန်း စသည့် ဖြစ်ရပ်ဆိုးများ နှင့်အတူ သေကြေပျက်စီးမှု

အလွန်များပြား သည့် နှစ်တစ်နှစ် အဖြစ် (၂၀၀၈) ခုနှစ်ကို ဂျာမနီ အခြေစိုက် Bloomberg ၀က်ဘ်ဆိုက်က သတ်မှတ် ဖော်ပြခဲ့သည်။ ရာသီဥတု ကြမ်းတမ်းမှုများ၊ ကြီးမားသော ငလျင်ကြီးများကြောင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၀၀) ဘီလျံဖိုးမျှ ဆုံးရှုံးခဲ့ရပြီး ၎င်းပမာဏမှာ (၂၀၀၇) ခုနှစ်ကထက် (၅၀) ရာခိုင်နှုန်း တိုးတက် လာခြင်းဖြစ်သည်။

ဆီချွန်ငလျင်ကြောင့် တရုတ်နိုင်ငံတွင် လူဦးရေ ခုနစ်သောင်းခန့် အနည်းဆုံး သေဆုံးခဲ့ပြီး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နာဂစ်၏ဒဏ်ကြောင့် အနည်းဆုံး မြန်မာ နိုင်ငံသား ရှစ်သောင်းခွဲခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ရာသီဥတုများ ဖောက်ပြန် ပြောင်းလဲမှုသည် (၂၀၀၈) ခုနှစ်အတွင်း သိသိသာသာ ပြောင်းလဲခဲ့ပြီး အိုက်ခ်ဟာရီကိန်း မုန်တိုင်း ကြောင့်လည်း လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သေးရာ (၂၀၀၈)ခုနှစ်အတွင်း သဘာဝ ဘေးဒါဏ်များကြောင့် သေဆုံးသူဦးရေ အနည်းဆုံး နှစ်သိန်း နှစ်သောင်း မျှ ရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here