ထိုင်းပါလီမန်ကို သက်ဆင်လိုလားသူများ ပိတ်ဆို့ဆန္ဒပြ

alt

ထိုင်း နိုင်ငံတွင် ဆန္ဒပြမှုများ နောက်တစ်ကြိမ် ပေါ်ပေါက် လာပြီဟု သိရသည်။ အဘီဆစ်အစိုးရ ၏ ပါလီမန် မိန့်ခွန်းပြောပွဲကို ဒီဇင်ဘာလ (၂၉)ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားပြီးမှ သက်ဆင်အား ထောက်ခံသည့် ဆန္ဒပြသူများက ပါလီမန်ကို ၀ိုင်းရံ ခဲ့သောကြောင့် အဘီဆစ် ၏ မိန့်ခွန်း အစီအစဉ်ကို ရွှေ့ဆိုင်း ခဲ့ရ သည်။

အနီရောင်များ ဆင်မြန်းထားသည့် ထောင်ပေါင်းများစွာ ပါ၀င်သည့် ပြည်သူများသည် ဘန်ကောက်မြို့တော်ရှိ ပါလီမန်ရုံးချုပ်ကို ပိတ်ဆို့ဝန်းရံထားသော်လည်း အကြမ်းဖက်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိသလို အဓိကရုဏ်း နှိမ်နင်းရေး ရဲများကလည်း စောင့်ကြည့်ရုံထက် ပိုမိုစွက်ဖက်ခြင်း မရှိခဲ့ပေ။ ပါလီမန်မှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးက အခြေအနေများ ငြိမ်းချမ်းစေရန် မိန့်ခွန်းပြောပွဲနှင့် ဥပဒေအတည်ပြုပွဲကို ညနေအထိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေငြာခဲ့သည်။ ဆန္ဒပြသူများသည် ၀န်ကြီးချုပ် အဘီဆစ်အား အာဏာရှင်ဟု စွပ်စွဲခဲ့ပြီး ဒီမိုကရေစီ ပြန်ပေးဟု ကြွေးကြော်တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံတော်အလံများ၊ ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ ပုံတူပိုစတာများကို ကိုင်ဆောင်ဆန္ဒပြခဲ့သည်။

အချို့ကလဲ သက်ဆင်အား နိုင်ငံတွင်း ကြံုတွေ့နေသော ဒုက္ခဆင်းရဲမှ ကယ်တင်နိုင်မည့် နတ်ဘုရားအဖြစ် ချီးမြှောက်ပြောဆိုပြီး အာဏာရ ဒီမိုကရက်တစ်ပါတီအား ရှုတ်ချလှောင်ပြောင်ခဲ့ကြသည်။ ထိုင်းအစိုးရအဖွဲ့အနေနှင့် ဆန္ဒပြမှုများကို စောင့်ကြည့်နေဆဲဖြစ်ပြီး ထိုင်းနိုင်ငံရေး အခြေအနေမှာ နောက်တစ်ကြိမ် ဆိုးရွား လာနိုင်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here