အန်အယ်လ်ဒီလူငယ် ၉ ဦး ဖမ်းဆီးခံရ၊ ဒေါ်စု လွှတ်ပေးရေး တောင်းဆို်

alt

အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် အန်အယ်လ်ဒီ ရုံးရှေ့မှ

စတင် ထွက်ခွာ ပြီး ဒဂုံစင်တာ ရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော် သို့ အသွား အဖမ်း ခံခဲ့ ရကြောင်း အန်အယ်လ်ဒီ ပြောခွင်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က လည်း အတည်ပြု ပြောဆို ခဲ့ပါတယ်။

ပင်နီ တိုက်ပုံ ကိုယ်စီဝတ် ထားတာသော အဆိုပါ ဆန္ဒပြသူများသည် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေး ဆိုသည့် စာတန်းများ ကို ကိုင်ဆောင် ထားခဲ့ကြောင်း သိရှိ ရပါတယ်။ အဖမ်းခံ နေရသူတွေ ကို မည်သည့် နေရာကို ခေါ်ဆောင် သွားသည် ကို မသိရသော်လည်း၊ အဖမ်းခံရသူ အများစု မှာ မြန်မာ စစ် အစိုးရ ၏ မကြာခဏ အဖမ်းခံခဲ့ ရသူများ ဖြစ်ကြသည်။

အဖမ်းခံခဲ့ ရသည့် အန်အယ်လ်ဒီလူငယ်များမှာ စမ်းချောင်းမြို့နယ် မှ ကိုထွန်းထွန်းဝင်း၊ ရွှေပြည်သာမြို့နယ် မှ မထက်ထက်ဦးဝေ အပါအဝင် ကိုရဲနီဦး၊ ပြေပြေ၊ ကိုအောင်ဖြိုးဝေ၊ ကိုမင်းသိန်း၊ ကို၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကိုကောင်းထက်နိုင် နှင့် ကိုသက်မောင်ထွန်း တို့ ဖြစ်ကြောင်း အေအေပီပီက ထုတ်ပြန်သည့် ကြေညာ ချက်တွင် ပါရှိသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here