ဗြိတိန်တွင် Colgate သွားတိုက်ဆေး အတုများ တွေ့ရှိရ

alt

C olgate သွားတိုက်ဆေးတောင့် အတုများ ထောင်ပေါင်းများစွာ ဗြိတိန်နိုင်ငံ ဈေးကွက်အတွင်း ရောက်ရှိနေပြီဟူသော သတင်းများ ထွက်ပေါ်နေပြီးနောက် Sainsbury and Boots စတိုးများတွင် ပြန်လည် သိမ်းယူလျက် ရှိသည်။

ယခုအခါ Colgate အတုများ ထွက်ပေါ်နေမှု သတင်းအပြည့်အစုံကို သုံးစွဲသူများအတွက် တရားဝင် သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း လူအတော်များများ မသိသေးကြောင်း သိရှိရသည်။ အတုထွက်ပေါ်သော သွားတိုက်ဆေးတောင့် အတော်များများသည် (100) ml ဘူးများ ဖြစ်ကြပြီး Colgate Cavity Protection ဆိုသော Label ကိုပါ တပ်ဆင်ထားသည်။ အမေရိကန် တွင် Colgateအတုဘူးများ ယခင်က တွေ့ရှိဖူးပြီး အဆိပ်အတောက် ဖြစ်စေသော ဓာတုဆေးများ ပါ၀င်ခဲ့သဖြင့် အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ရဖူးသည်။

တရုတ်နိုင်ငံလုပ် Colgate တံဆိပ် သွားတိုက်ဆေးသည် ဗြိတိန်တွင် လူကြိုက်များသော ကုန်စည်တစ်ခုဖြစ်ပြီး အတုပြုလုပ်ထားသည့် ဘူးများမှာ တောင်အာဖရိက မှဟု ခြေရာခံ တွေ့ရှိခဲ့သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ဘူးအတုများမှ သွားတိုက်ဆေးသည် မူရင်း Colgate နှင့် အနံ့ရော၊ အရသာပါ ကွဲပြားမှု ရှိကြောင်း သိရှိ ရသည်။ ယခုအခါတွင် ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနက Colgate အတုကြောင့် ဖြစ်ပွားနိုင်သော ဘေးထွက်ဆိုးကျိုးများကို အင်တာနက်တွင် တရားဝင် ထုတ်ပြန် ကြေငြာ ထားပြီး ဗြိတိန် တွင် Colgate အား တရားဝင် ကိုယ်စားလှယ်ယူ ဖြန့်ချီရောင်းချနေသော Sainsbury’s and Boots စတိုးများမှ Colgate ဘူးများအား ပြန်လည် သိမ်းဆည်းရန် ညွှန်ကြား ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here