ဘင်္ဂလားပင်လယ်အော်တွင် ဒုက္ခသည်များ ပျောက်ဆုံးနေ

alt

ဘ င်္ဂလား ပင်လယ်အော်အတွင်းတွင် လူ(၃၀၀)ခန့် ရေနစ်မြုပ်သေဆုံးမည်ဟု စိုးရိမ်နေရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ လူ(၄၀၀)ခန့် လိုက်ပါလာသော ဒုက္ခသည်တင် လှေတစ်စင်းသည် ပင်လယ်ထဲ လမ်းပျောက်နေပြီးနောက် လူအများအပြား ရေထဲခုန်ချခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်ထိ လူ(၁၀၀)ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ပြီး ကျန်လူများမှာ ရှာမတွေ့ဘဲ ဖြစ်နေကြသည်။ အက်ဒ်မန် နှင့် နစ်ကိုဘာ ကျွန်းစုများအနီး ဖမ်းမိခဲ့သည့် အဆိုပါလှေငယ်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ဒုက္ခသည် များ လိုက်ပါ လာခဲ့ပြီး ၎င်းတို့အနေနှင့် မလေးရှားသို့ ထွက်ပြေးရန် ရည်ရွယ် ထားကြောင်း ၀န်ခံ ထွက်ဆိုခဲ့ကြသည်။ နစ်ကိုဘာ ကျွန်း ရဲတပ်ဖွဲ့က အနီးအနား ပတ်ဝန်းကျင်ကျွန်းများသို့ ရေကူး တိမ်းရှောင်သွားသူ အများအပြား ရှိနိုင်ကြောင်းနှင့် တစ်ဦးကိုမူ အသက်ရှင် လျက် ကယ်တင် နိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။

နောက်ထပ် လူ(၁၁) ဦးကိုလည်း အနီးအနားရှိ သဲကျွန်းသောင်ပြင်တွင် တွေ့ရှိခဲ့ရသည်။ အိန္ဒိယ ကမ်းခြေစောင့် ရဲတပ်ဖွဲ့က လူ(၈၈) ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ကြေငြာ ခဲ့သည်။ အကယ်တင်ခံ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အစ်ဇ်မေးလ် အရာဖတ် က ၎င်းတို့သည် အေးဂျင့် ဖြစ်သူက မလေးရှားတွင် အလုပ်ရှာ ပေးမည်ဟု ပြောကြား ခဲ့ခြင်းကြောင့် လိုက်ပါလာခဲ့သော်လည်း ပင်လယ်ထဲ တွင် (၄၅) ရက်မျှ မျောပါနေပြီး ဒုက္ခ ကြံုနေရကြောင်း ၀န်ခံ ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here