ဂါဇာဒေသ ငြိမ်းချမ်းရေး ဆွီဒင်ဝန်ကြီး လိုလား

alt

ဆွီ ဒင်နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ကားလ်ဘစ်လ်ဒ်က ကုလသမဂ္ဂအနေနှင့် ဂါဇာဒေသအတွင်း ဖြစ်ပွားနေသော ရုတ်ရုတ်သဲသဲ အခြေအနေများအတွက် ရပ်တန့်ရန် တောင်းဆိုမှုအား ကြိုဆိုလိုက်သည်။

၎င်းက ဂါဇာဒေသ တွင် ငြိမ်းချမ်းသော အနေအထားမျိုး ဖြစ်ပေါ်စေရန်သာ လိုလားကြောင်း၊ အစ္စရေးတို့၏ ထိုးစစ်ဆင်နွှဲမှုကြောင့် အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူများစွာ သေကြေမည့်အရေးကို ပူပင်မိကြောင်း၊ ကုလ သမဂ္ဂ၏ ကြားဝင်မှု သည် အမှန်ကန်ဆုံး လုပ်ရပ်ဖြစ် ကြောင်း ၀န်ကြီးက ချီးကျူး ခဲ့သည်။ လက်ရှိ အချိန်တွင် အစ္စရေးလေတပ် သည် ပါလက်စတိုင်း အကြမ်းဖက် သမားများကို နှိမ်နင်းရန်ဟုဆိုကာ မဟာဗြူဟာမြောက် လေကြောင်းချီ တိုက်ခိုက်မှုများ ဆင်နွှဲလျက်ရှိပြီး စစ်သွေးကြွများ ရော အရပ်သားများပါ သေကြေဒါဏ် ရာရလျက်ရှိ သည်။

၀န်ကြီးကားလ်က အရှေ့အလယ်ပိုင်းတွင် နောက်ထပ်စစ်ပွဲများ ထပ်မံဖြစ်ပွားလာခြင်းသည် ဒေသတွင်း လုံခြံုရေး ကိုသာမက ကမာ္ဘ့လုံခြံုရေး အတွက်ပါ စိုးရိမ်စရာ အနေအထား ဖြစ်လာ နိုင်ကြောင်း သတိပေး ပြောဆို ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here