ဓနအင်အားတွင် နော်ဝေးက ဆွီဒင်ထက် သာလာဖွယ်ရှိ

alt

စ ကန်ဒီနေးဗီးယန်း အိမ်နီးချင်းနိုင်ငံဖြစ်သော ဆွီဒင်ကို ကျော်တက်ကာ နော်ဝေးနိုင်ငံအနေနှင့် ကမာ္ဘ့အချမ်းသာဆုံး နိုင်ငံတစ်ခုအဖြစ် တဖြည်းဖြည်း တိုးတက်လာနေပြီဟု သိရှိရသည်။ စစ်တမ်းများအရ ငယ်ရွယ်သော ဆွီဒင်လူမျိုးများ သည် နော်ဝေးတွင် အလုပ်လုပ်ခြင်းဖြင့် ပိုမိုစီးပွားဖြစ်ထွန်းကာ စုမိဆောင်းမိ ဖြစ်လိမ့်မည်ဟု ယုံကြည်လာကြောင်း

တွေ့ရှိလာရသည်။ အော်စလိုတက္ကသိုလ်မှ ပါမောက္ခ သောမတ်စ် အီလန်အဲရစ်ခ်ဆန်က ယခင်က နော်ဝေးသည် ငါးလုပ်ငန်း တစ်မျိုးတည်းသာ ထွန်းကားသော နိုင်ငံဖြစ်သော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းလဲခဲ့ပြီဟု ပြောဆိုသွားသည်။ ဆွီဒင်အပါအဝင် အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမားများ နော်ဝေးသို့ လာရောက်အလုပ်လုပ်သည်မှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ပင် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဒုတိယကမာ္ဘစစ်အတွင်း နော်ဝေးသည် နာဇီဂျာမနီတို့လက် ကျရောက်ခဲ့သော်လည်း ဆွီဒင်မှာမူ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး စက်မှုလုပ်ငန်းများ ဆက်လက်လည်ပတ်ခြင်းဖြင့် စစ်ပြီးကာလတွင် စီးပွားရေး တောင့်တင်းခိုင်မာလာခဲ့သည်။ သို့သော်လည်း (၁၉၈၀)ပြည့်လွန် နှစ်ကာလများအတွင်း ဆွီဒင်စီးပွားရေး တရိပ်ရိပ် ကျဆင်းလာပြီးနောက် နော်ဝေးမှာမူ အခြေအနေ တစစကောင်းမွန်လာပြီး ယခုနှစ်များအတွင်း ဆွီဒင်နှင့် ကြွယ်ဝမှုတွင် ပခုံးချင်း ယှဉ်လာနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ဆွီဒင်လူငယ်လူရွယ် အတော်များများသည် နော်ဝေးတွင် အလုပ်လုပ်ရန် ရည်ရွယ်ကြိုးပမ်းလာကြပြီး လုပ်အားစီးဆင်းမှုမှာ နော်ဝေးဘက်သို့ အလေးသာလာခဲ့သဖြင့် မကြာမီအချိန်အတွင်း နော်ဝေးနိုင်ငံ၏ စီးပွားရေးသည် ဆွီဒင်ထက် သာလွန်တိုးတက်လာဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here