အနုပညာလောကကို ကျောခိုင်းချင်နေပြီဆိုတဲ့ ဟယ်ရီပေါ့တား မင်းသမီး

alt

ဟယ် ရီပေါ့တား ဇာတ်ဆောင်မင်းသမီးလေး အေမာဝတ်ဆန်က သူမအနေနှင့် အနုပညာ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် မသေချာကြောင်း ၀န်ခံ ပြောဆိုခဲ့ သည့် အတွက် သူမကို ချစ်ခင် အားပေးသော ပရိသတ်များက စိုးရိမ်လျက် ရှိကြသည်။

 

ဟယ်ရီပေါ့တား ဇာတ်လမ်းတွဲ များတွင် (၉) နှစ်သမီး အရွယ်ကတည်းက ပါ၀င်လာ ခဲ့သော အေမာသည် ပညာရေးတွင် ပိုမိုအားထည့်နိုင်ရန် လိုလားနေသဖြင့် စာရေးဆရာမ ဂျေကေရိုးလင်း၏ နာမည်ကျော် မှော်ဇာတ်လမ်းစာအုပ် ဇာတ်သိမ်းပိုင်းကို ရုပ်ရှင် ရိုက်ကူးပြီးချိန်တွင် အနုပညာ လောကကို စွန့်လွှတ်ရန် စဉ်းစားနေခြင်းဖြစ်သည်။ အသက်(၁၈)နှစ် ရှိပြီဖြစ်သော အေမာသည် အနုပညာ လုပ်ငန်းများမှ စတာလင်ပေါင် (၁၀)သန်းခန့် အနည်းဆုံးမျှ စုမိဆောင်းမိ ရှိထားပြီးဖြစ်ကာ သူမအတွက် အဆိုပါငွေကြေးသည် အလွန်များပြား ပိုလျှံနေပြီဟု အေမာက ပြောဆိုခဲ့သည်။

ထို့ပြင် သူမ၏ဘဝကို လူတကာ အာရုံစိုက်နေသော အနုပညာရှင် တစ်ဦးအဖြစ်ထက် သာမန်မိန်းကလေး တစ်ဦးအဖြစ်သာ ရှင်သန်နေထိုင်လိုသည်ဟု အေမာကဆိုသည်။ သူမအနေနှင့် အနုပညာ ရပ်ဝန်း တွင် အရည်အချင်းရှိရှိ ရပ်တည်နိုင်မည်ဟု ယုံကြည်စိတ် အပြည့်ရှိ ကြောင်း၊ သို့သော်လည်း အေမာဝတ်ဆန်သည် ရိုးရိုးသာမန် မိန်းကလေးတစ်ဦးသာ ဖြစ်ချင်ပါကြောင်း အေမာက အင်တာဗျူးတစ်ခုတွင် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here