အစ္စရေးက ဂါဇာဒေသသို့ လေကြောင်းမှ တိုက်ခိုက်

alt

အ စ္စရေးတပ်မတော်သည် ဂါဇာဒေသသို့ ထိုးဖောက်ချီတက်ရန် အသင့်ဖြစ်နေပြီဟု သိရှိရသည်။ အစ္စရေးတပ်မ အတော်များများကို ဂါဇာနယ်စပ်တွင် တပ်စွဲထားစေပြီး လေကြောင်းချီ ထိုးစစ်များ ဒီဇင်ဘာလ (၂၇)ရက်နေ့မှ စတင်ဆင်နွှဲမှုကြောင့် အနည်းဆုံး ပါလက်စတိုင်း (၂၉၀) မျှ သေဆုံးခဲ့ပြီဟု

ဒေသခံ မီဒီယာများက ဆိုသည်။

ထိုသေဆုံးသူများအနက် အစ္စရေးနယ်မြေများသို့ ဒုံးကျည်ဖြင့် အစဉ်တစိုက် တိုက်ခိုက်နေသော ဟားမက်ပြောက်ကျားများ အများဆုံး ပါ၀င်နေကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။ ဂါဇာဘက်မှ အစ္စရေးနယ်မြေများသို့ ဒုံးကျည်များဖြင့် ပစ်ခတ်နေမှုအား သည်းခံနိုင်သော အတိုင်းအတာမှာ ကုန်ဆုံးခဲ့ပြီဟု အစ္စရေးစစ်ဘက်မှ ဆိုသည်။ ယခုအခါ အစ္စရေးတို့သည် အရံတပ်များကိုပါ စုစည်းထားပြီး လေကြောင်းချီ တိုက်ခိုက်မှု၏ နောက်ဆက်တွဲအဖြစ် ၎င်းတို့(၂၀၀၇)ခုနှစ်ကမှ ပြည်လည် တပ်ရုတ်သိမ်းခဲ့သည့် ပါလက်စတိုင်း ဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြံစည်နေပြီဖြစ်သည်။

ယခုကဲ့သို့ စစ်အင်အား စုစည်းနေမှုကို ဗြိတိန်ဘက်မှ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်ကြောင်း သတိပေးစကား ပြောကြားထားသော်လည်း အမေရိကန်ကမူ ဆိတ်ဆိတ်နေမြဲဖြစ်သည်။ ထို့အတူ ဟားမက်တို့ဘက်မှလည်း အစ္စရေးနယ်မြေသို့ ဒုံးကျည်နှင့် ပစ်ခတ်မှုများ ကြိုကြားကြိုကြား ဆက်လက်ဖြစ်ပေါ်နေသဖြင့် အစ္စရေး၏ ဂါဇာနယ်မြေ ထိုးစစ်မှာ အကောင်အထည် ပေါ်လာဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here